1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။

عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَجْوَدَ النَّاسِ، وَكَانَ أَجْوَدُ مَا يَكُونُ فِي رَمَضَانَ حِينَ يَلْقَاهُ جِبْرِيلُ، وَكَانَ يَلْقَاهُ فِي كُلِّ لَيْلَةٍ مِنْ رَمَضَانَ فَيُدَارِسُهُ القُرْآنَ، فَلَرَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَجْوَدُ بِالخَيْرِ مِنَ الرِّيحِ المُرْسَلَةِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်‌ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။

صحيح متفق عليه صحيح البخاري - 6

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရမဿွာန်လမြတ်တွင် ပို၍ရက်ရောတော်မူလေရာ ပေးသင့်သောသူကို ပေးသင့်သည့်အရာကို ပေးလေသည်။ ရက်ရောရသည့်အကြောင်းတရားမှာ ကိစ္စရပ်နှစ်ခုကြောင့်ဖြစ်သည်။ ၎င်းတို့မှာ
၁။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)နှင့်တွေ့ဆုံရခြင်း။
၂။ အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ကို အလွတ်ဖတ်ခြင်း။
ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်နှင့် ကျမ်းမြတ်ကုရ်အာန်မှ ကျရောက်ခဲ့သမျှကို အပြန်အလှန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလွန်ပင်ရက်ရောသူ၊ အလွန်ပင်ကောင်းမှုပြုသောသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးရွာသွန်းခြင်းနှင့် ဂရုဏာတော်များချပေးတော်မူရန်စေလွှတ်လိုက်သော‌ လေကောင်းလေသန့်က လျင်မြန်စွာ အဖန်ဆင်းခံ‌အပေါင်းအား အကျိုးပြုသည်ထက်ပို၍တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဖန်ဆင်းခံအပေါင်းအား ပို၍လျင်မြန်စွာအကျိုးပြုသောသူလည်း ဖြစ်ပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရက်ရောတော်မှု‌ကြောင်းနှင့် အထူးသဖြင့်ရမဿွာန်လတွင်ပို၍ရက်ရောတော်မူကြောင်းတင်ပြထားသည်။ ‌အဘယ်ကြောင့်ဆိုသော် ရမဿွာန်လသည် ကောင်းမှုများစွာပြုလုပ်ရသောလ၊ ကောင်းမှုများပွါးများရသည့် ရာသီဖြစ်ပေသည်။
  2. အချိန်တိုင်းတွင် ရက်ရောရန်တိုက်တွန်းထားသည်။ ရမဿွာန်လသည် ပို၍ပင်ရက်ရောခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  3. ရမဿွာန်လတွင် ပေးကမ်းစွန့်ကြဲခြင်း၊ သူတစ်ပါးကိုအကောင်းပြုခြင်း၊ ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ်ခြင်းတို့ကို များစွာပြုလုပ်ရသည်။
  4. ကျောင်းသားများ၊ သာသနာ့ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေးခြင်းသည် အသိပညာများမမေ့ရန် အကြောင်းတရားများအနက်မှဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية