1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်

عَنْ أَبِي سَعِيدٍ الْخُدْرِيِّ وَأَبِي هُرَيْرَةَ رضي الله عنهما عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يُنَادِي مُنَادٍ: إِنَّ لَكُمْ أَنْ تَصِحُّوا فَلَا تَسْقَمُوا أَبَدًا، وَإِنَّ لَكُمْ أَنْ تَحْيَوْا فَلَا تَمُوتُوا أَبَدًا، وَإِنَّ لَكُمْ أَنْ تَشِبُّوا فَلَا تَهْرَمُوا أَبَدًا، وَإِنَّ لَكُمْ أَنْ تَنْعَمُوا فَلَا تَبْأَسُوا أَبَدًا» فَذَلِكَ قَوْلُهُ عَزَّ وَجَلَّ: {وَنُودُوا أَنْ تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ} [الأعراف: 43].

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်။ ထိုအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ဤမိန့်ကြားချက်၌ ဖော်ပြထားတော်မူသည် - " ၎င်းပြင် ထိုသူတို့သည် (ဤသို့) ဟစ်ခေါ်ခြင်း ခံကြရမည်- “ဤသည် ဂျန္နသ် သုခဘုံ ဖြစ်သည်၊ ၎င်း(သုခဘုံ)ကို အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သောအရာ (ကောင်းသော လုပ်ရပ်)များကြောင့် အမွေ ရရှိခဲ့ခြင်း ဖြစ်သည်”။ ( စူရဟ် အအ်ရာဖ် - ၄၃ )

صحيح رواه مسلم صحيح مسلم - 2837

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - ဂျန္နသ်တွင် စည်းစိမ်ခံစားနေကြသော ဂျန္နသ်သုခဘုံသားများအား ဟစ်ခေါ်သူက ဤသို့ ဟစ်အော်‌ ပြော ဆိုလိမ့်မည် - အသင်တို့သည် ဤဂျန္နသ်၌ အစဉ်ကျန်းမာစွာနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့် အနည်းငယ်မျှသော ရောဂါဝေဒနာမျှ ကပ်ရောက်လာမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်ထာဝရ ရှင်သန်ကြရမည် ဖြစ်ပြီး သေခြင်းတရားသည် အသင်တို့ထံ ဘယ်သောအခါမျှ ရောက်ရှိလာမည် မဟုတ်ပေ။ သေခြင်း၏ ပုံစံငယ်ဖြစ်သော အိပ်စက်ခြင်းပင် ဂျန္နသ်၌ ရှိမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်နုပျိုလန်းဆန်းစွာ ရှိနေကြမည် ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းသည် အသင်တို့အနီးသို့ပင် မချဉ်းကပ်နိုင်တော့ပေ။ အသင်တို့သည် ထိုဂျန္နသ်အတွင်း၌ စည်းစိမ်ချမ်းသာအားလုံးဖြင့် ခံစားနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့်အခါမျှ စိုးရိမ်ပူဆွေးခြင်း၊ ဝမ်းနည်းသောကရောက်ခြင်း ရှိမည်မဟုတ်ပါ။ ထိုအကြောင်း အရာကိုသည် အလ္လာဟ်အရှင်မြတ်က ဤမိန့်ကြားချက်တွင် ဖော်ပြထားတော်မူသည် - " ၎င်းပြင် ထိုသူတို့သည် (ဤသို့) ဟစ်ခေါ်ခြင်း ခံကြရမည်- “ဤသည် ဂျန္နသ် သုခဘုံ ဖြစ်သည်၊ ၎င်း(သုခဘုံ)ကို အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သောအရာ (ကောင်းသော လုပ်ရပ်)များကြောင့် အမွေ ရရှိခဲ့ခြင်း ဖြစ်သည်”။ ( စူရဟ် အအ်ရာဖ် - ၄၃ )

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လောကီသက် တမ်း၏ စည်းစိမ်သည် မည်မျှပင် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်စုံနေစေကာမူ ၎င်း၏ ပိုင်ရှင်ကို ဒုက္ခပေးနိုင်သည့် အကြီးဆုံးသော အရာလေးမျိုးရှိသည်။ ၎င်းတို့မှာ - မကျန်းမာခြင်း၊ သေခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ရန်သူ၊ ဆင်းရဲမှု၊ စစ်မက်ဖြစ်ပွားမှု စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှု၊ ဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးမှုများပင် ဖြစ်သည်။ သို့ရာတွင် ဂျန္နတ်သုခဘုံသားတို့သည် ဤအရာများအားလုံးမှ လွတ်ကင်းကြသူများဖြစ်သည်။ ထို့ကြောင့် ဂျန္နတ်သုခဘုံသားတို့သည် စုံလင်ပြည့်ဝသော စည်းစိမ်ချမ်းသာမှုကို ရရှိကြသည်။
  2. ဂျန္နသ်၏ စည်း စိမ်များသည် လောကီ၏ စည်းစိမ်များနှင့် ကွာခြား သည်။ အဘယ့်ကြောင့်ဆိုသော် ဂျန္နသ်၏ စည်းစိမ်များသည် အစဉ်ထာ ဝရတည်ရှိမည် ဖြစ်ပြီး ၎င်းတွင် စိုးရိမ်ကြောင့်ကြမှု တစ်စုံတစ်ရာမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်ပြီး၊ လောကီ၏ စည်းစိမ်များမှာမူ အစဉ်ထာဝရမတည်နိုင်သလို ၎င်းတွင် နာကျင်မှုများနှင့် ရောဂါဘယများကို ကြုံတွေ့ရသောကြောင့်ဖြစ်သည်။
  3. ( ဤဟဒီးဆ်တွင်) ဂျန္နသ်၏စည်းစိမ်ချမ်းသာမှုများကို ရရှိ စေမည့် ကောင်းမြတ်သော အမလ်များကို ပြုလုပ်ရန် လှုံ့ဆော်တိုက်တွန်းထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية