1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။

عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يَقُولُ اللَّهُ تَعَالَى لِأَهْوَنِ أَهْلِ النَّارِ عَذَابًا يَوْمَ القِيَامَةِ: لَوْ أَنَّ لَكَ مَا فِي الأَرْضِ مِنْ شَيْءٍ أَكُنْتَ تَفْتَدِي بِهِ؟ فَيَقُولُ: نَعَمْ، فَيَقُولُ: أَرَدْتُ مِنْكَ أَهْوَنَ مِنْ هَذَا، وَأَنْتَ فِي صُلْبِ آدَمَ: أَلّاَ تُشْرِكَ بِي شَيْئًا، فَأَبَيْتَ إِلَّا أَنْ تُشْرِكَ بِي».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။ အရှင်မြတ်က မိန့်တော်မူမည်။ အသင်သည် အာဒမ်၏ကျောရိုးထဲတွင်ရှိနေစဉ် ငါအရှင်မြတ်သည် အသင့်အား ဒီထက်ပို၍ပေါ့ပါးသည့်တာဝန်ကို ထမ်းဆောင်ရန်လိုလားခဲ့သည်။ ယင်းတာဝန်မှာ အသင်သည် ငါအရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန်ဖြစ်သည်။ သို့သော် အသင်သည် မနာခံဘဲ ငါအရှင်မြတ်နှင့်သာရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခဲ့သည်။

صحيح متفق عليه صحيح البخاري - 6557

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးငရဲသားအား သူငရဲဘုံသို့ကျ‌ပြီးနောက် ဤသိုမေးတော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးကို ဤပြစ်ဒဏ်နှင့် လဲလှယ်၍လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူမည်။ အသင်သည် အာဒမ်၏ကျောရိုးထဲတွင်ရှိနေစဉ်အချိန်က ငါအရှင်သည် အသင့်၏အရှင်ဖြစ်‌ကြောင်းယုံကြည်ရန် အသင့်ထံမှ ကတိယူခဲ့ပြီး ငါအရှင်မြတ်သည် အသင့်အား ယခုအသင် လဲလှယ်မည်ဟူသော အရာထက်ပင်ပို၍လွယ်ကူသော ကိစ္စကို‌ဆောင်ရွက်ရန် ငါအရှင်သင့်အား အမိန့်ပေးခဲ့သည်။ ၎င်းမှာ အသင်သည် ငါအရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန်ဖြစ်သည်။ သို့သော် ငါအရှင်အသင့်အား လောကီဘဝသို ရောက်စေသောအခါ အသင်သည် အမိန့်မနာခံဘဲ အလ္လာဟ်အရှင်မြတ်နှင့်သာရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သောင်ဝ်ဟီးဒ်တရား၏ထွတ်မြတ်မှုနှင့် သောင်ဝ်ဟီးဒ်တရားကိုကျင့်သုံးရန် လွယ်ကူကြောင်းသိရှိရသည်။
  2. အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်း၏အန္တရာယ်နှင့်ယင်း၏နောက်ဆုံးရလဒ်ကိုဖော်ပြထားသည်။
  3. အလ္လာဟ်အရှင်မြတ်သည် အာဒမ်၏သားမြေးအား သူတိုဖခင်၏ကျောရိုး၌ရှိစဉ်ကပင် ရှိရ်က်အလ္လာဟ်အရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန် သူတို့ထံမှ ကတိယူတော်မူခဲ့သည်။
  4. ရှိရ်က်အလ္လာဟ်အရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမှသတိပေးတားမြစ်ထားပြီး ကိယာမသ်နေ့တွင် လောကတစ်ခုလုံးက ကာဖိရ်တစ်ဦးအား မည်သည့်တစ်စုံတစ်ရာမျှ အကျိုးဖြစ်ထွန်းစေမည်မဟုတ်ပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية