1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”

عَن أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ أَدْنَى مَقْعَدِ أَحَدِكُمْ مِنَ الْجَنَّةِ أَنْ يَقُولَ لَهُ: تَمَنَّ فَيَتَمَنَّى، وَيَتَمَنَّى، فَيَقُولُ لَهُ: هَلْ تَمَنَّيْتَ؟ فَيَقُولُ: نَعَمْ، فَيَقُولُ لَهُ: فَإِنَّ لَكَ مَا تَمَنَّيْتَ وَمِثْلَهُ مَعَهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“ဧကန်စင်စစ် ဂျန္နသ်သုခဘုံတွင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်၏ အနိမ့်ဆုံးအဆင့်မှာ (အလ္လာဟ်အရှင်မြတ်က) − အသင်အလိုရှိရာဆန္ဒပြုလော့ဟု ထိုသူအား မိန့်ဆိုတော်မူမည်ဖြစ်သည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်၊ ထို့နောက် ထပ်မံ၍ ဆန္ဒပြုလိမ့်မည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”

صحيح رواه مسلم صحيح مسلم - 182

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သို့ ဝင်ရောက်ရသူများတွင် အဆင့်အတန်း အနိမ့်ဆုံးသော သူအား ‘သင်အလိုရှိသည်ကို ဆန္ဒပြုလော့’ဟု မိန့်ဆိုလိမ့်မည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်။ ထပ်ခါထပ်ခါ ဆန္ဒပြုလိမ့်မည်။ နောက်ဆုံး၌ သူဖော်ပြခြင်းမပြုရသေးသော ဆန္ဒတစ်စုံတစ်ရာ ကျန်ရှိတော့မည် မဟုတ်ပေ။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျန္နသ်သုခဘုံသားတို့၏ အဆင့်အ တန်းများမှာ ကွာခြားကြောင်း (ဖော်ပြထားခြင်း။)
  2. အလ္လာဟ်အရှင်မြတ်၏ အတိုင်းအဆမဲ့ ကျေးဇူးတော်နှင့် ရက်ရောတော်မူမှုကို ဖော်ပြထားခြင်း။
  3. ဂျန္နသ်သုခဘုံ၏ နိအ်မသ်တော်များသည် မည်သည့်အရာတစ်ခုတွင်မျှ ကန့်သတ်ထားခြင်းမရှိပေ။ ထိုမျှမက မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ထိုဂျန္နသ်၌ မိမိဆန္ဒပြု၍ တောင့်တသမျှ အရာခပ်သိမ်းကို ရရှိမည် ဖြစ်သည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ရက်ရောမှုနှင့် ကရုဏာတော်သာ ဖြစ်တော်မူသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

43 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية