1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

عَنْ هِشَامِ بْنِ حَكِيمِ بْنِ حِزَامٍ رَضيَ اللهُ عنهما أَنَّهُ مَرَّ عَلَى أُنَاسٍ مِنَ الْأَنْبَاطِ بِالشَّامِ، قَدْ أُقِيمُوا فِي الشَّمْسِ، فَقَالَ: مَا شَأْنُهُمْ؟ قَالُوا: حُبِسُوا فِي الْجِزْيَةِ، فَقَالَ هِشَامٌ: أَشْهَدُ لَسَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِنَّ اللهَ يُعَذِّبُ الَّذِينَ يُعَذِّبُونَ النَّاسَ فِي الدُّنْيَا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်‌ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။
"ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။"

صحيح رواه مسلم صحيح مسلم - 2613

ရှင်းလင်းချက်

ဟိရှာမ်ဗင်န်ဟကီးမ်ဗင်န်ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား) ဒေသရှိ အာရပ်မဟုတ်‌သောတောင်သူလယ်သမားအချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ ထိုအခါသူက ၎င်းတို့ရဲ့အ‌ခြေအနေနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုအခါ သူ့အား ၎င်းတို့သည် တတ်စွမ်းနိုင်ပါလျက် ဂျိဇ်ယဟ်( အခွန်ကြေး ) မပေးဆောင်ခြင်းကြောင့် ထိုသို့ပြုမူခြင်းခံရကြောင်း အသိပေးခဲ့သည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညှင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဂျိဇ်ယဟ်သည် အရွယ်ရောက်ပြီး ချမ်းသာသောကျမ်းရပုဂ္ဂိုလ် (ဂျူးနှင့် ခရစ်ယာန်) အမျိုးသားများထံမှ ၎င်းတို့အား အစ္စလာမ့်နိုင်ငံတော်အတွင်း လုံခြုံစွာနေထိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းအစား ကောက်ခံသည့် ငွေကြေး(အခွန်)ဖြစ်သည်။
  2. ၂။ တရားဝင်အကြောင်းပြချက်မရှိဘဲ လူသားများအား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားမြစ်ထားသည်။ ကာဖိရ်များကိုပင် ထိုသို့ပြုလုပ်ခွင့်မရှိပေ။
  3. ၃။ မတရားမှုကိုကျူးလွန်သူများအား မတရားကျူးလွန်ခြင်းမပြုရန် သတိပေးထားခြင်း။
  4. ၄။ကောင်းမှုကိုညွှန်ကြားခြင်း၊ မကောင်းမှုကိုတားမြစ်ခြင်းတွင် ဆွဟာဗဟ်သာဝကများ၏ စွဲစွဲမြဲမြဲလိုက်နာမှု။
  5. ၅။အိမာမ်နဝဝီက မိန့်ဆိုသည်မှာ- "ဤဟဒီးစ်၌ ဖော်ပြထားသော ညှဉ်းပန်းခြင်းသည် မတရားသဖြင့် ပြုလုပ်သော ညှဉ်းပန်းခြင်းကို ရည်ညွှန်းသည်။ သို့ဖြစ်ရာ ကိစွားစ် (တန်ပြန်အစားယူသည့်အ‌နေဖြင့် အပြစ်ပေးခြင်း)၊ ဟုဒူဒ် (အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသော ပြစ်ဒဏ်များ)၊ သအ်ဇီးရ် (စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးခြင်း) စသည့် တရားဝင်အကြောင်းပြချက်များဖြင့် ပြစ်ဒဏ်ပေးခြင်းများ ဤတားမြစ်ချက်တွင် မပါဝင်ပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية