1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''

عَنْ أُمِّ حَبِيبَةَ رضي الله عنها زَوْجِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالت: سَمِعْتُ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَنْ حَافَظَ عَلَى أَرْبَعِ رَكَعَاتٍ قَبْلَ الظُّهْرِ وَأَرْبَعٍ بَعْدَهَا حَرَّمَهُ اللَّهُ عَلَى النَّارِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြင်ရာတော် အွမ္မုဟဗီဗဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမက ပြောသည်မှာ- "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်-
''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''

صحيح رواه أبو داود والترمذي والنسائي وابن ماجه وأحمد سنن الترمذي - 428

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက် တည်သူအား အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပေးခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇုဟုရ်(ဖရဿ်ွ)ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. ဖရဿွ်မတိုင်မီ ဝတ်ပြုရသည့် စွန်နသ်ရာသိဗဟ်တို့ (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပုံမှန် ဝတ်ပြုခဲ့သည့် စွန်နသ်ဆွလာသ်များ)၏ အကျိုးကျေးဇူးများအနက် တစ်ခုမှာ ဝတ်ပြုသူ၏ စိတ်နှလုံးသည် ဖရဿ်ွဆွလာသ်ဝတ်ပြုရန်အတွက် အသင့်ဖြစ်နေစေရန် ဖြစ်သည်။ ဖရ်ဿွဟ် ဝတ်ပြုမှုပြီးနောက် ဝတ်ပြုရသည့် စွန်နသ်ရာသိဗဟ်တို့၏ အကျိုးကျေးဇူးများအနက် တစ်ခုမှာ ဖရဿ်ွ ဝတ်ပြုမှုတွင် ဖြစ်ပွားခဲ့သော လစ်ဟင်း ချွတ် ယွင်းမှုများကို ဖြည့်စွက်ပေးရန် ဖြစ်သည်။
  3. စွန်နသ်ရာသိဗဟ်များတွင်- ကောင်းမှုတိုးပွားခြင်း၊ အပြစ်များခွင့်လွှတ်ခြင်းနှင့် ဂုဏ်အဆင့်အတန်း မြင့်မားခြင်းစသည့် ကြီးမားသော အကျိုးကျေးဇူးများရှိသည်။
  4. အဲဟ်လေစွန္နသ်လမ်းစဥ်ဝင်များ၏ အခြေခံဥပဒေအရ ဤဟဒီးဆ်တော်ကဲ့သို့သော ကတိတော်ပါဝင်သည့် ဟဒီးဆ်တော်များကို အနက်ကောက်ရာတွင် သောင်ဝ်ဟီးဒ် (အလ္လာဟ်အရှင်မြတ်အား တစ်ဆူတည်းယုံကြည်ခြင်း) အပေါ် သေဆုံးခြင်းနှင့် ဆက်စပ်တွေးခေါ်ရသည်။ ဤဟဒီးဆ်၏ အလိုသဘောမှာ သောင်ဝ်ဟီးဒ်ဝါဒီများအနက် အပြစ်များကို ကျူးလွန်သူသည် အပြစ်ဒဏ်ခံရန် ထိုက်တန်သော်လည်း၊ အကယ်၍ သူတို့အား အပြစ်ဒဏ်ပေးခြင်းခံရပါက ငရဲတွင် အမြဲထာဝရ နေရမည် မဟုတ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

49 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية