1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဒအ်ဝဟ်နှင့် ဟိစ်ဗဟ်။

ဟဒီးဆ် အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။

عَنْ أُمِّ سَلَمَةَ أُمِّ المُؤمنين رضي الله عنها: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«سَتَكُونُ أُمَرَاءُ فَتَعْرِفُونَ وَتُنْكِرُونَ، فَمَنْ عَرَفَ بَرِئَ، وَمَنْ أَنْكَرَ سَلِمَ، وَلَكِنْ مَنْ رَضِيَ وَتَابَعَ» قَالُوا: أَفَلَا نُقَاتِلُهُمْ؟ قَالَ: «لَا، مَا صَلَّوْا».

မုအ်မင်န်တို့၏ မိခင်ကြီး အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။

صحيح رواه مسلم صحيح مسلم - 1854

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်တို့အပေါ်တွင် အုပ်ချုပ်သူ အာဏာပိုင်များ ခန့်အပ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ကိုက်ညီသည့်အတွက် ကျွန်ုပ်တို့ လက်ခံကြမည်ဖြစ်ပြီး အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ဆန့်ကျင်သည့်အတွက် ကျွန်ုပ်တို့ ငြင်းပယ်ကြမည်ဖြစ်သည်။ အကြင်သူသည် မကောင်းမှုကို မတားမြစ်နိုင်လျှင်လည်း စိတ်တွင်းမှ ယင်းမကောင်းမှုကို မုန်းတီးလျှင် ထိုသူသည် အပြစ်နှင့် ‘နိဖာက်’ အယောင်ဆောင်မှုမှ ကင်းလွတ်မည်ဖြစ်သည်။ အကြင်သူသည် လက်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မကောင်းမှုကို တားမြစ်နိုင်စွမ်းရှိပါက ၎င်းတို့အား တားမြစ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုသူသည် အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှု၌ ပါဝင်ပတ်သက်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ သို့သော်အကြင်သူသည် ထိုသူတို့၏လုပ်ရပ်ကို နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် ပျက်စီးသွားမည်ဖြစ်သည်။
ထို့နောက် သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အာဏာပိုင်များကို စစ်တိုက်ရမည် မဟုတ်လောဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား တားမြစ်တော်မူပြီး ၎င်းတို့အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှေ့တွင်ဖြစ်လာမည့် အကွယ်ကိစ္စများကို ကြိုတင်သတင်းပေးထားပြီးထိုအ တိုင်းဖြစ်ပေါ်လာခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်ကြောင်း ညွှန်ပြနေသည့် သက်‌သေအထောက်အထားများအနက်မှ တစ်ခုဖြစ်သည်။
  2. မကောင်းမှုအား နှစ်သက်ခြင်း၊ မကောင်းမှု၌ ပူးပေါင်းပါဝင်ခြင်း မပြုပိုင်ပါ။ မကောင်းမှုအား ငြင်းပယ်ရန် အရေးကြီးသည်။
  3. အကယ်၍ အာဏာပိုင်များက (ရှရီအဟ်) တရားတော်နှင့် ဆန့်ကျင်သည့် တရားသစ်တီထွင်ဖန်တီးလျှင် ပြည်သူများအနေဖြင့် ထိုကိစ္စအပေါ် ၎င်းတို့၏အမိန့်ကို နာခံခြင်း မပိုင်ပါ။
  4. မွတ်စ်လင်မ် အာဏာပိုင်များလက်အောက်မှ ခွဲထွက်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ခွဲထွက်ခြင်း၌ ဘေးဒုက္ခဖြစ်ခြင်း၊ သွေးချောင်းစီးခြင်း၊ လုံခြုံမှုဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေသည်။ အပြစ်ကျူးလွန်သော အာဏာပိုင်တို့၏ မကောင်းမှုနှင့် ၎င်းတို့ ပေးသည့်ဒုက္ခအပါ် သည်းခံခြင်းသည် ထို့ထက်ပို၍ ဆိုးကျိုးသက်သာသည်။
  5. ဆွလာသ်သည် အလွန်ကြီးကျယ်လှပြီး ကုဖ်ရ်နှင့် အစ္စလာမ်အကြား ခြားနားပေးသောအရာဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

59 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية