عَنْ جَرِيرٍ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ يُحْرَمِ الرِّفْقَ يُحْرَمِ الْخَيْرَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။

صحيح رواه مسلم صحيح مسلم - 2592

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ နူးညံ့သိမ်မွေ့မှုမရှိ‌ သောသူသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ဖြစ်‌စေ၊ မိမိ၏အရေးကိစ္စ၌ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံသည့်အခါ၌ဖြစ်စေ ကောင်းခြင်းများမရရှိ‌နိုင်သောကြောင့် ကောင်းခြင်းဟူသမျှမှ လက်မဲ့ဖြစ်သွား‌ပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နူးညံ့သိမ်မွေ့မှု၏မွန်မြတ်မှု‌ကိုတင်ပြထားပြီး နူးညံ့သိမ်‌မွေ့သောကိုယ်ကျင့်တရားထားရန် တိုက်တွန်းကာ ကြမ်းတမ်းမှုကို ရှုတ်ချထားသည်။
  2. နူညံ့သိမ်မွေ့ခြင်းသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ကောင်းခြင်းများ၊ ချောင်လည်မှုများ အစဉ်အမြဲရရှိနေမည်ဖြစ်ပြီး ကြမ်းတမ်းခြင်းဖြင့် နှစ်ဘဝစလုံး၌အစဉ်အမြဲအစဉ်အမြဲကြပ်တည်းမှုကို ခံစားရပေမည်။
  3. "နူးညံ့သိမ်မွေ့မှုသည် ကောင်းသောစရိုက်နှင့် စိတ်တည်ငြိမ်မှုရှိခြင်းတို့မှ ပေါ်ထွက်လာပြီး၊ ကြမ်းတမ်းမှုသည် အမျက်ဒေါသနှင့် ကြမ်းကြုတ်မှုတို့မှဖြစ်ပေါ်လာသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် နူးညံ့သိမ်မွေ့မှုရှိခြင်းကို အထူးချီးမွမ်းတော်မူခဲ့သည်။
  4. ဆွဖ်ယာန်ဆောင်ဝ်ရီ (ရဟိမဟွလ္လာဟ်) က မိမိ၏အပေါင်းပါများကို ပြောသည်မှာ အရ်ရိဖ်က် နူးညံ့သိမ့်မွေ့ခြင်းဟူသည် အဘယ်နည်းဆိုသည်ကို အသင်တို့သိပါသလား။ နူးညံ့သိမ်မွေ့ခြင်းဆိုသည်မှာ အရာရာအား သူ့နေရာ၌သူ့ကိုထားခြင်းကိုဆိုသည်။ ပြင်းပြင်းထန်ထန် ပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေ့ရာ၌သူ့ကိုထားခြင်း၊ နူးညံ့စွား‌ပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေရာ၌သူ့ကိုထားခြင်း၊ တုတ် ဓားတို့ကို့လည်းသူ့နေရာနှင့်သူ အသုံးပြုခြင်းတို့ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية