1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့‌ တော်မူ‌သော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။

عَنْ سَلْمَانَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ رَبَّكُمْ حَيِيٌّ كَرِيمٌ، يَسْتَحْيِي مِنْ عَبْدِهِ إِذَا رَفَعَ يَدَيْهِ إِلَيْهِ أَنْ يَرُدَّهُمَا صِفْرًا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့‌ တော်မူ‌သော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။

حسن رواه أبو داود والترمذي وابن ماجه سنن أبي داود - 1488

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဒုအာဆုတောင်းရာတွင် လက်နှစ်ဖက်ကို မြှောက်၍ တောင်းရန် တိုက်တွန်းတော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် (حَيي) - အလွန်ရှက်ရွံ့တော်မူသောအရှင်၊ ချီးမြှင့်ပေးကမ်းခြင်းကို စွန့်လွှတ်ထားခြင်း မရှိသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် မိမိ၏ကျေးကျွန် နှစ်သက်ပျော်ရွှင်စေမည့်အရာများကိုသာ ပြုတော်မူပြီး၊ ထိုကျေးကျွန်အား နစ်နာစေမည့်အရာကို ပြုလုပ်တော်မမူပေ။ (كريم) ဟူသော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်ပြီး၊ မတောင်းလျှင်ပင် ပေးသနားတော်မူသောအရှင်ဖြစ်လျှင် တောင်းခံပါက မည်သို့အခြေအနေရှိမည်ကို စဉ်းစားကြည့်ပါလေ။ အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်က လက်နှစ်ဖက်ကို မြှောက်ပြီးနောက် ဒုအာဆုတောင်းလျှင်၊ ထိုလက်နှစ်ဖက်ကို ဆုတောင်းပြည့်ခြင်း မရှိဘဲ၊ လက်ဗလာဖြင့်လည်းကောင်း ပြန်လည်လွှတ်လိုက်ခြင်းကို ရှက်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လူသားတစ်ဦးသည် အလ္လာဟ်အရှင်မြတ်အပေါ် မိမိ၏ လိုအပ်ချက်နှင့် ခဝပ်ဆည်းကပ်မှုကို ထုတ်ဖော်ပြသလေလေ၊ ထိုသူအတွက် မျှော်လင့် ချက် ပိုကြီးမားလေလေဖြစ်ပြီး ဒုအာလက်ခံခြင်းခံရရန် ပိုမိုနီးစပ်လေလေ ဖြစ်သည်။
  2. ၂။ ဒုအာဆုတောင်းရန် အားပေးတိုက်တွန်းထားခြင်းနှင့် ဒုအာတောင်းစဉ် လက်နှစ်ဖက်ကို မြှောက်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ကြောင်း၊ ၎င်းသည် ဒုအာလက်ခံခြင်းခံရခြင်း၏ အကြောင်းရင်းများတွင် အပါအဝင် ဖြစ်ကြောင်း ဖော်ပြထားသည်။
  3. ၃။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်သည် မိမိ၏ကျေးကျွန်များအပေါ်မည်မျှ ကျယ်ပြန့်ကြောင်း ဖော်ပြထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية