1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ကျွန်ုပ်က လျှောက်ထားသည်မှာ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မည်သူ့ကို ကျွန်တော်မျိုး အကောင်းဆုံးပြုမူဆက်ဆံရမည်နည်း။ တမန်‌တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏ဖခင်၊ ထို့နောက် အဆင့်လိုက် သင့်အနီးစပ်ဆုံးဆွေမျိုးများ ဖြစ်ကြသည်။

عَنْ بَهْزِ بْنِ حَكِيمٍ عَنْ أَبِيهِ عَنْ جَدِّهِ قَالَ:
قُلْتُ يَا رَسُولَ اللَّهِ: مَنْ أَبَرُّ؟ قَالَ: «أُمَّكَ، ثُمَّ أُمَّكَ، ثُمَّ أُمَّكَ، ثُمَّ أَبَاكَ، ثُمَّ الْأَقْرَبَ فَالْأَقْرَبَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဗဟ်ဇ် ဗင်န် ဟကီးမ် ၎င်း၏ဖခင်မှတစ်ဆင့်၊ ၎င်း၏ဖခင်က ၎င်း၏ အဘိုးမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်ုပ်က လျှောက်ထားသည်မှာ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မည်သူ့ကို ကျွန်တော်မျိုး အကောင်းဆုံးပြုမူဆက်ဆံရမည်နည်း။ တမန်‌တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏ဖခင်၊ ထို့နောက် အဆင့်လိုက် သင့်အနီးစပ်ဆုံးဆွေမျိုးများ ဖြစ်ကြသည်။

حسن رواه أبو داود والترمذي وأحمد سنن أبي داود - 5139

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျေးဇူးပြုခြင်း၊ ကောင်းမှုပြုခြင်း၊ ကောင်းမွန်စွာဆက်ဆံခြင်း၊ ပေါင်းသင်းဆက်ဆံရာတွင် ချိုသာစွာပြုမှုဆက်ဆံခြင်းနှင့် အဆက်အသွယ်ထားခြင်းတို့၌ အရှေ့ဦးစွာခံစားထိုက်သူမှာ မိခင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ မိခင်၏ အခွင့်အရေးသည် အခြားသူများထက် သာလွန်မြင့်မြတ်ကြောင်း သုံးကြိမ်တိုင်တိုင် ထပ်ခါ ထပ်ခါ မိန့်ကြားတော်မူခြင်းဖြင့် အလေးပေးဖော်ပြခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိခင်ပြီးလျှင် ကောင်းမွန်စွာဆက်ဆံရန် အခံထိုက်ဆုံးသူမှာ ဖခင်ဖြစ်ကြောင်း၊ ထို့နောက် ဆွေမျိုး သားချင်းများအနက် အနီးကပ်ဆုံးသူမှ အစပြု၍ အဝေးဆုံးသူအထိ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွေမျိုးနီးစပ်သူသည် ဝေးကွာသူထက် ဆက်ဆံပေါင်းသင်းရန် ပို၍ထိုက်တန်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးစ်တော်အရ မိခင်၊ ထို့နောက် ဖခင်၊ ထို့နောက် အနီးကပ်ဆုံးဆွေမျိုးများကို ၎င်းတို့၏ နီးစပ်မှုအဆင့်အတန်းအလိုက် ဦးစားပေးရမည်ဖြစ်သည်။
  2. ဤဟဒီးစ်တော်တွင် မိဘနှစ်ပါး၊ အထူးသဖြင့် မိခင်၏ အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြထားသည်။
  3. ဟဒီးစ်တော်တွင် မိခင်အား ကောင်းမွန်စွာဆက်ဆံရမည်ဟု သုံးကြိမ်ထပ်ခါထပ်ခါ မိန့်ကြားခြင်းမှာ မိခင်သည် သားသမီးများအပေါ်၌ ကြီးမားလှသောကျေးဇူးရှိသောကြောင့်လည်းကောင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဖွားမြင်ခြင်း၊ နို့တိုက်ကျွေးခြင်းစသော မိခင်တစ်ဦးတည်းသာ ခံစားရသည့် ပင်ပန်းဆင်းရဲခြင်း၊ ဒုက္ခခံစားရခြင်းများစွာရှိသောကြောင့်လည်းကောင်း၊ ထို့နောက် ပြုစုပျိုးထောင်ရာတွင် ဖခင်နှင့် ပူးပေါင်းပါဝင်ရသောကြောင့်လည်းကောင်း ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

42 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية