عَنْ جَابِرِ بْنِ عَبْدِ اللَّهِ رَضيَ اللهُ عنهُما قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا أَسْكَرَ كَثِيرُهُ فَقَلِيلُهُ حَرَامٌ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အလွန်အကျွံသောက်သုံးပါက မူးယစ်စေသောအရာ၏ အနည်းငယ်မျှသည်လည်း ဟရာမ်ဖြစ်၏။"

حسن رواه أبو داود والترمذي وابن ماجه وأحمد سنن أبي داود - 3681

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလွန် အကျွံသောက်မိပါက အသိဉာဏ်ကို ပပျောက်စေသော မည်သည့်သောက်စရာ သို့မဟုတ် စားစရာမဆို၊ အနည်းငယ်သောက်မိလျှင် အသိဉာဏ်ကို မပပျောက်စေသော်လည်း ထိုအနည်းငယ်သောက်ခြင်းသည်ပင် ဟရာမ်ဖြစ်(တားမြစ်ထား)ကြောင်း ရှင်းလင်းမိန့်ကြားတော်မူထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှရီအသ်တရားတော်၏ ရည်ရွယ် ချက်မှာ လူတို့၏ အသိဉာဏ်များကို ကာကွယ်စောင့် ရှောက်ရန် ဖြစ်သည်။
  2. ဤဟဒီးစ်တွင် “ဆဒ်ဒုဇ်ဇရာအိ” (မကောင်းမှုဆီသို့ ဦးတည်သော လမ်းကြောင်းများကို ပိတ်ဆို့ခြင်း) ဟူသော မူဝါဒ ပါဝင်သည်။ ဆိုလိုသည်မှာ မကောင်းမှုများဆီသို့ ရောက်စေနိုင်သော အကြောင်းအရာအားလုံးကို ပိတ်ပင်ခြင်းပင် ဖြစ်သည်။
  3. အနည်းငယ်ကို ဟရာမ်ဟု သတ်မှတ်ခြင်းမှာ ၎င်းသည် မူးယစ်စေသောအရာဆီသို့ ဦးတည်သွားစေနိုင်သည့် အကြောင်းခံ ဖြစ်သောကြောင့် ဖြစ်သည်။
  4. အကယ်၍ အရာတစ်ခုသည် အနည်းငယ်သောက်သုံးမှုတွင်လည်း မူးယစ်ခြင်းမရှိ၊ အလွန်အကျွံသောက်သုံးမှုတွင်လည်း မူးယစ်ခြင်းမရှိပါက ၎င်းသည် ဟရာမ် မဟုတ်ပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

35 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية