1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌ အမြဲတမ်း ရှိနေမည်ဖြစ်သည်။

عَنِ ابْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَنْ يَزَالَ المُؤْمِنُ فِي فُسْحَةٍ مِنْ دِينِهِ، مَا لَمْ يُصِبْ دَمًا حَرَامًا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌ အမြဲတမ်း ရှိနေမည်ဖြစ်သည်။"

صحيح رواه البخاري صحيح البخاري - 6862

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်– ယုံကြည်သူသည် မိမိ၏ကောင်းမှုကုသိုလ်များ၏ ကျယ်ဝန်းမှု၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခွင့်လွှတ်တော်မူခြင်းတို့ကို မျှော်လင့်ရသော အခြေအနေတွင် ရှိနေသည်ဟု မိန့်ကြားခဲ့သည်။ သို့သော် သတ်ဖြတ်ခြင်း ဟရာမ်ဖြစ်သော လူသားတစ်ဦးကို သတ်မိပါက ၎င်း၏ကောင်းမှုများသည် ကျဉ်းမြောင်းသွားကာ လူသတ်မှု၏ကြီးမားသောအပြစ်ကို မဖုံးလွှမ်းနိုင်တော့ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အကြောင်းမရှိဘဲ သတ်ဖြတ်ခြင်းနှင့် တမင်ရည်ရွယ်၍ သတ်ဖြတ်ခြင်း၏ ပြစ်မှုကြီးမားပုံကို ဖော်ပြထားပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် မုအ်မင်န်ယုံကြည်သူအား သာသနာ၏ ကျယ်ဝန်းမှုမှ ကျဉ်းမြောင်းမှုသို့ ရောက်သွားစေသည်။
  2. ဟရာမ်ဖြစ်သော သွေးများ (သတ်ဖြတ်ခြင်း ဟရာမ်ဖြစ်သော လူများ) – လေးမျိုးရှိပေသည်။ ၁။ မွတ်စ်လင်မ်တစ်ဦး၏ သွေး – အကြီးမြတ်ဆုံးဖြစ်သည်။ ၂။ ဇင်မ္မီ၏ သွေး – ၎င်းတို့မှာ အစ္စလာမ်နိုင်ငံတွင်း၌ ဂျစ်ဇ်ယဟ်(အခွန်)ပေးဆောင်ကာ မိမိတို့ဘာသာတရားအတိုင်း နေထိုင်ခွင့်ရသော ဂျူးနှင့် ခရစ်ယာန်များဖြစ်ပြီး၊ အစ္စလာမ်၏ စီရင်ထုံးများကို လက်ခံထားကြရသည်။ ၃။ မုအာဟဒ်၏ သွေး – ၎င်းတို့မှာ မိမိတို့နိုင်ငံ၌ရှိသော ကာဖိရ်များဖြစ်ပြီး၊ ကျွန်ုပ်တို့နှင့် စစ်မဖြစ်ရန်၊ အပြန်အလှန်မတိုက်ခိုက်ရန် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသူများဖြစ်သည်။ ၄။ မွတ်စ်သအ်မင်န်၏ သွေး – ၎င်းတို့မှာ ကျွန်ုပ်တို့နှင့် အာမခံချက်လည်းမရှိ၊ စာချုပ်လည်းမရှိသော စစ်ဘက်ဆိုင်ရာ ကာဖိရ်များဖြစ်သော်လည်း၊ အုပ်ချုပ်သူမင်း သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များထံမှ သတ်မှတ်ကာလအတွင်း အစ္စလာမ်နိုင်ငံသို့ ဝင်ရောက်ခွင့် လုံခြုံရေးပေးထားသူများဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

34 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية