1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။

عَنْ أَنَسٍ رضي الله عنه قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَغْسِلُ، أَوْ كَانَ يَغْتَسِلُ، بِالصَّاعِ إِلَى خَمْسَةِ أَمْدَادٍ، وَيَتَوَضَّأُ بِالْمُدِّ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။

صحيح متفق عليه صحيح البخاري - 201

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ရေချိုးရန်တာဝန်ထိုက်သည့်ခန္ဓာကိုယ်မသန့်ဖြစ်သွားပါက တစ်“ဆွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။ တစ်“ဆွာအ်”တွင် လေး“မွဒ်” ရှိပြီး “မွဒ်”ဟူသည် အလယ်အလတ်ရှိသည့် လက်ခုပ်တစ်ခုစာ အပြည့်ရှိသော ပမာဏဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဝုဿူနှင့် ဂုစွလ်တွင် သုံးစွဲရမည့် ရေကို အလယ်အလတ်သုံးစွဲခြင်း၊ အနည်းငယ်မျှသောရေကိုပင်ဖြစ်စေ မဖြုန်းတီးခြင်းသည် ရှရီအသ်တရားတော်လာပညတ်ချက်တစ်ရပ်ဖြစ်သည်။
  2. ဝုဿူရေနှင့် ဂုစုလ်ရေကို လိုအပ်သည့်အတိုင်းတာနှင့်သာ အနည်းငယ်သုံးစွဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဤသည်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏လမ်းစဉ်ဖြစ်သည်။
  3. ဤဟဒီးဆ်တော်၏ဆိုလိုရင်းမှာ ဝုဿူနှင့်ဂွတ်စ်လ်အား စွန္နသ်တော်များ၊ အာဒါဗ်များအားလိုက်နာပြီးဖြုန်းတီးခြင်း၊ စေးနှဲခြင်းတို့မပါရှိပဲ အချိန်၊ ရေအနည်း၊ အများနှင့် အခြားသောကိစ္စရပ်များကိုပါ ချင့်ချိန်ပြီး ဝုဿူကိုပြည့်ဝအောင်ပြုလုပ်ရန်ဖြစ်သည်။
  4. မနီသုက်ရည်ထွက်သွားခြင်း သို့မဟုတ် ကိုယ်လက်နှီးနှောလိုက်ခြင်းကို ဂျနာဗသ် ကိုယ်မသန့်ဖြစ်သွားသည် ဟု ခေါ်ပေသည်။ ဤသို့ခေါ်ရခြင်းမှာ ဂျနာဗသ်ဖြစ်သွားသူသည် ခန္ဓာကိုယ်သန့်ပြန်သွားသည့်အထိ ဆွလာသ်၊ အိဗာဒသ်တို့မှ ကင်းကွာနေရသည်။
  5. "ဆွာအ်”သည် လူသိများသော တိုင်းတာယူနစ်တစ်ခုဖြစ်ပြီး၊ ဤနေရာတွင် “ဆွာအ်” ဟူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သတ်မှတ်ထားသော “ဆွာအ်” ကို ဆိုလိုသည်။ ၎င်း၏အလေးချိန်မှာ ကောင်းမွန်သောဂျုံ ၄၈၀ ‘မစ္စကာလ်’ ရှိပြီး၊ လီတာဖြင့် ၃ လီတာ နှင့်ညီမျှသည်။
  6. “မွဒ်”ဟူသည် ရှရီအသ်တွင် အသုံးပြုသော တိုင်းတာယူနစ်တစ်ခုဖြစ်ပြီး၊ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်ကို ပြည့်အောင်ဖြည့်၍ ဆန့်ထားသောအခါ ရရှိသောပမာဏဖြစ်သည်။ ဖိက်ဟ်ပညာရှင်များ၏အဆိုအရ ၁ မွဒ်သည် ၁ ဆွာအ်၏ လေးပုံတစ်ပုံ နှင့်ညီမျှပြီး၊ ၇၅၀ မီလီလီတာ ရှိသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية