1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)

عَنْ أَنَسٍ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا تَوَضَّأَ أَحَدُكُمْ وَلَبِسَ خُفَّيْهِ فَلْيُصَلِّ فِيهِمَا، وَلْيَمْسَحْ عَلَيْهِمَا ثُمَّ لَا يَخْلَعْهُمَا إِنْ شَاءَ إِلَّا مِنْ جَنَابَةٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)

صحيح رواه الدارقطني سنن الدارقطني - 781

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် ဝူဿွူ ပြုလုပ်ပြီးနောက် ခြေအိတ်များ ဝတ်ဆင်ခဲ့မည်။ ထို့နောက် ဝူဿွူ ပျက်ပြားသွားသည့်အခါ သူအလိုရှိပါက သတ်မှတ်ထားသော ကာလအထိ ယင်းခြေအိတ်များပေါ်၌ မစဟ် (ပွတ်သတ်ခြင်း) ပြုလုပ်ခွင့်ရှိပြီး၊ ယင်းခြေအိတ်များကို ချွတ်ရန်မလိုဘဲ ဝတ်ဆင်ထားလျှက်ပင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်ဟု မိန့်ကြားတော်မူထားသည်။ သို့ရာတွင် ဂျနာဗသ် (ရေချိုးရမည့် အခြေအနေ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ဂုစုလ် (ရေချိုးခြင်း) ပြုလုပ်ရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ရန် ခွင့်ပြုခြင်းသည် ခြေအိတ်ကို ပြည့်ဝသည့် သန့်စင်မှု ပြုလုပ်ပြီး (ရေချိုးခြင်း ( သို့ ) ဝူဿွူ ပြုလုပ်ပြီး) ဝတ်ဆင်ခဲ့မှသာဖြစ်သည်။
  2. မစဟ်ပြုလုပ်ခြင်း၏ သတ်မှတ်ကာလမှာ- မူကီးမ် ( မိမိနေရပ်တွင် ရှိ‌နေသူ ) အတွက် တစ်နေ့တစ်ည (၂၄ နာရီ)ဖြစ်ပြီး၊ မုစာဖိရ် ( ခရီးသည် ) အတွက် သုံးရက်သုံးည (၇၂ နာရီ) ဖြစ်သည်။
  3. ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ခြင်းသည် ဟဒတ်စ်အတ်စ်ဂရ် ( အပေါ့၊ အလေး စွန့်ခြင်းကဲ့သို့ သေးငယ်သော မသန့်မှု )အတွက်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး၊ ဟဒတ်စ်အတ်က်ဗရ် ( ကိုယ်မသန့်ခြင်းကြောင့် ရေချိုးရန်လိုအပ်‌သော ကြီးမားသော မသန့်မှု ) အတွက် ခွင့်မပြုပါ။ ဟဒတ်စ်အတ်က်ဗရ် ( ကိုယ်မသန့်ခြင်းကြောင့် ရေချိုးရန်လိုအပ်‌သော ကြီးမားသော မသန့်မှု ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ခြေထောက်များကို ဆေးကြောရမည်။
  4. ယဟူဒီများနှင့် မတူခြားနားစေရန် ဖိနပ်၊ ခြေအိတ် စသည်တို့ကို ဝတ်ဆင်လျက် ဆွလာသ် ဝတ်ပြုခြင်းသည် မွစ်သဟဗ် ဖြစ်သည်။ သို့ရာတွင် စည်းကမ်းချက်မှာ ယင်းဖိနပ်နှင့် ခြေအိတ် စသည်တို့သည် သန့်ရှင်းစင်ကြယ်ပြီး ဝတ်ပြုသူများအား အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဗလီများကို ညစ်ညမ်းစေခြင်း မရှိမှသာလျှင် ဖြစ်သည်။ ဥပမာအားဖြင့်၊ ကော်ဇောခင်းထားသော ဗလီများတွင် ဖိနပ်များ၊ ခြေအတ်များကို ဝတ်ဆင်၍ ဆွလာသ် ဝတ်ပြုခြင်း မပြုရ‌ပေ။
  5. ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ခြင်းသည် အမှန်စင်စစ် ဤအွမ္မသ်သားများအပေါ် လွယ်ကူစေရန်နှင့် ဝန်ထုပ်ဝန်ပိုးများ ပေါ့ပါးစေရန် အတွက်သတ်မှတ်ထားခြင်းဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية