1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏

عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا: أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ أَحَدَكُمْ إِذَا مَاتَ عُرِضَ عَلَيْهِ مَقْعَدُهُ بِالْغَدَاةِ وَالعَشِيِّ، إِنْ كَانَ مِنْ أَهْلِ الجَنَّةِ فَمِنْ أَهْلِ الجَنَّةِ، وَإِنْ كَانَ مِنْ أَهْلِ النَّارِ فَمِنْ أَهْلِ النَّارِ، فَيُقَالُ: هَذَا مَقْعَدُكَ حَتَّى يَبْعَثَكَ اللَّهُ يَوْمَ القِيَامَةِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏။ (ထိုသူသည်) ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်ခဲ့လျှင် ဂျန္နသ်သုခဘုံသားများထဲမှ နေရာကိုလည်းကောင်း၊ ဂျဟန္နမ်ငရဲသားများထဲမှ ဖြစ်ခဲ့လျှင် ဂျဟန္နမ်ငရဲသားများထဲမှ နေရာကိုလည်းကောင်း (ပြသခြင်းခံရ၏)။ ထို့နောက် 'ဤသည် အသင့်အား အလ္လာဟ်အရှင်မြတ် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည့် ကိယာမသ်နေ့တိုင်အောင် သင်၏နေရာဖြစ်သည်' ဟု ပြောဆိုခြင်းခံရမည်။"

صحيح متفق عليه صحيح البخاري - 1379

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- အကယ်၍ ဗန္ဒဟ်ကျေးကျွန်တစ်ဦးသည် ကွယ်လွန်သေဆုံးသွားပါက ထိုသူအား နံနက်နှင့်ညနေတိုင်း သူ၏ (ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ငရဲ) ၌ သီးသန့် ဧည့်ခံခြင်းခံရမည့်နေရာကို ပြသခြင်းခံရသည်။ အကယ်၍ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်လျှင် ဂျန္နသ်သုခဘုံရှိ သူ၏နေရာ၊ ငရဲသားများထဲမှဖြစ်လျှင် ငရဲရှိ သူ၏နေရာတို့ကို ပြသခြင်းခံရပြီး ဤသို့ ပြောဆိုခြင်းခံရမည်။ ဤသည်ကား ကိယာမသ်ရှင်ပြန်ထမြောက်ရာနေ့တွင် သင်ပြန်လည်ရှင်ပြထရမည့် သင်၏နေရာဖြစ်သည်။ ထို‌နေ့တွင် မုအ်မင်န်သက်ဝင်ယုံကည်သူအား ချမ်းသာသုခပေးခြင်းနှင့် ကာဖိရ်အား ပြစ်ဒဏ်ပေးခြင်းတို့ ရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကဗရ်၏အဇားဗ်နှင့် ကဗရ်၏ နိအ်မသ်စည်းစိမ်သည် အမှန်တရားဖြစ်သည်။
  2. အိဗ်နုဟဂျရ်က မိန့်ဆိုသည်- “ဤ (သင်္ချိုင်းတွင်း၌ ကောင်းမှုနှင့် မကောင်းမှုတို့၏ မြင်ကွင်းကို) ပြသခြင်းသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော မုစ်လင်မ်နှင့် မယုံကြည်သူတို့အတွက် ထင်ရှားသည်။ ကျန်ရှိသော ကောင်းမှုရော မကောင်းမှုပါ ရောနှောနေသော မုစ်လင်မ် (ဆိုလိုသည်မှာ အပြစ်ရှိသော မုစ်လင်မ်) အတွက်မူ ၎င်းအား နောက်ဆုံးတွင် သူသွားရမည့် ကောင်းကင်ဘုံ (ဂျန္နသ်) ၌ သူ့အတွက် ပြင်ဆင်ထားသော နေရာကို ပြသခံရနိုင်ဖွယ်ရှိသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

40 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية