1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။

عَنْ أُسَامَةَ بْنِ زَيْدٍ رضي الله عنه قَالَ: قِيلَ لَهُ: أَلَا تَدْخُلُ عَلَى عُثْمَانَ فَتُكَلِّمَهُ؟ فَقَالَ: أَتَرَوْنَ أَنِّي لَا أُكَلِّمُهُ إِلَّا أُسْمِعُكُمْ؟ وَاللهِ لَقَدْ كَلَّمْتُهُ فِيمَا بَيْنِي وَبَيْنَهُ، مَا دُونَ أَنْ أَفْتَتِحَ أَمْرًا لَا أُحِبُّ أَنْ أَكُونَ أَوَّلَ مَنْ فَتَحَهُ، وَلَا أَقُولُ لِأَحَدٍ يَكُونُ عَلَيَّ أَمِيرًا: إِنَّهُ خَيْرُ النَّاسِ بَعْدَمَا سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«يُؤْتَى بِالرَّجُلِ يَوْمَ الْقِيَامَةِ، فَيُلْقَى فِي النَّارِ، فَتَنْدَلِقُ أَقْتَابُ بَطْنِهِ، فَيَدُورُ بِهَا كَمَا يَدُورُ الْحِمَارُ بِالرَّحَى، فَيَجْتَمِعُ إِلَيْهِ أَهْلُ النَّارِ، فَيَقُولُونَ: يَا فُلَانُ مَا لَكَ؟ أَلَمْ تَكُنْ تَأْمُرُ بِالْمَعْرُوفِ، وَتَنْهَى عَنِ الْمُنْكَرِ؟ فَيَقُولُ: بَلَى، قَدْ كُنْتُ آمُرُ بِالْمَعْرُوفِ وَلَا آتِيهِ، وَأَنْهَى عَنِ الْمُنْكَرِ وَآتِيهِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုစာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူ့အားတစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများအား ပြောဆို ဖြေရှင်းခြင်းမှုတို့ကို မပြု‌လုပ်ပါသလော။ ကျွန်ုပ်သူ့အားပြောခဲ့သမျှကို အသင်တို့အားကြားသိစေမည်ဟု အသင်တို့ သိနားလည်ထားပါသလား။ အလ္လာဟ်အရှင်မြတ်အား ကျိန်တွယ်၍ပြောမည်။ ကျွန်တော်သည် မိမိကစ၍မဖွင့်ချင်သည့်ဖျက်လိုဖျက်ဆီးမှုကို မိမိကစ၍ပထမဦးဆုံးဖွင့်ရန်မနှစ်မျို့သည်ဖြစ်၍ကျွန်တော်သည် သူနှင့် နှစ်ကိုယ်ကြား ပြောခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိပြီးနောက် ကျွန်တော်မျိုးအား အုပ်ချုပ်နေသော အုပ်ချုပ်သူခေါင်းဆောင်တစ်ဦး‌တစ်‌ယောက်အား သူသည် လူတို့အနက်အကောင်းဆုံသူဖြစ်သည်ဟုပင် မပြောဆိုတော့ပေ။
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနား၌ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင် မည်သို့ဖြစ်သွားသနည်း။ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။

صحيح متفق عليه صحيح مسلم - 2989

ရှင်းလင်းချက်

အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) အား တစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြောဆို ဖြေရှင်းရန်နှင့် အလုံးစုံငြိမ်းချမ်းရန် မကြိုးစားလေသလော။ ထိုအခါ အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ၎င်းတို့အား ရှင်းပြခဲ့သည်မှာ - မိမိသည် ကောင်းကျိုးကိုသာလိုလားပြီး ပြဿနာဖြစ်ရန်လှုံ့ဆော်‌ပေးခြင်းကို မလိုလား‌‌သောကြောင့်လျှို့ဝှက်စွာပင် ပြောကြားခဲ့သည်။ မိမိ၏ရည်ရွယ်ချက်မှာ မင်းလုပ်အုပ်ချုပ်သူများအား လူအများရှေ့တွင် ပြစ်တင်ရှုတ်ချခြင်းမပြုရန်ဖြစ်သည်။ ထိုသို့ ပြစ်တင်ရှုတ်ချခြင်းသည် မင်းလုပ်အုပ်ချုပ်သူကို ကျူးလွန်စော်ကားရန် အကြောင်းတရားဖြစ်သွားနိုင်သည်။ ဤသည် ပြဿနာနှင့် မကောင်းခြင်းတို့၏အဓိကတံခါးဖြစ်၍ကျွန်တော်သည် ယင်းတံခါးကို ပထမဦးဆုံးဖွင့်မည့်သူဖြစ်ရန် မလိုလားပေ။
ထို့နောက် အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ပြောသည်မှာ - သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သြဝါဒတော်တစ်ရပ်ကို ကြားသိပြီးနောက် အုပ်ချုပ်သူခေါင်းဆောင်များအား လျှို့ဝှက်စွာပင်ဆုံးမဩဝါဒပြုခဲ့ကြောင်းနှင့် မင်းလုပ်အုပ်ချုပ်သူဖြစ်လင့်ကစား ဟန်ဆောင်ပြောခြင်း၊ မင်းလုပ်အုပ်ချုပ်သူများရှေ့၌သူတို့အား မဟုတ်မမှန်ချီးမွမ်းခြင်းတို့ကို မပြုခဲ့တော့ပေ။ ၎င်းဩဝါဒမှာ ဤသို့ဖြစ်သည်။ ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ ပြင်းထန်သည့်ပြစ်ဒဏ်နှင့် ငရဲမီး၏အပူရှိန်ကြောင့် သူ၏အူများ အလျင်အမြန်ထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်း ဤအခြေအနေ၌ပင် သူ၏အူများနှင့်လှည့်ပတ်နေလိမ့်မည်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနားတွင်ထိုင်ဝိုင်း၌စုဝိုင်း၍ထိုင်သကဲ့သို့ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။
သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မင်းလုပ်အုပ်ချုပ်သူများနှင့် နှစ်ကိုကြားဆုံးမစကား‌ပြောခြင်း၊ လူအများရှေ့တွင် ထိုကိစ္စများကို အများသိအောင် ပြောဆိုခြင်းမပြုလုပ်ရန်မှာ မင်းလုပ်အုပ်ချုပ်သူများအား ဆုံးမဪဝါဒပေးခြင်းနှင့်ဆိုင်သော အဓိကအခြေခံစည်းမျဉ်းပင်ဖြစ်သည်။
  2. ‌အပြောနှင့်အလုပ်မကိုက်ညီသူအား ပြင်းထန်စွာ ချိန်းခြောက်ထားသည်။
  3. မင်းလုပ်အုပ်ချုပ်သူများနှင့် ရိုသေ နူးညံ့စွာဆက်ဆံရန်နှင့် သူတို့အား ကောင်းရာညွန်ကြားပြီး မကောင်းမှုမှတားမြစ်ရန် ဖော်ပြထားသည်။
  4. အမှန်တရားကို ဖုံးကွယ်ထားပြီး အမှန်တရား၏ဆန့်ကျင်ဘက်ကို ဖော်ထုတ်ခြင်းအား ရှတ်ချ‌ထားသည်။ ဤသည်အမှန်တရားကို ထိမ်ချန်သူကဲ့သို့ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية