1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။

عَنْ عَمَّارِ بنِ ياسِرٍ رضي الله عنه قال:
بَعَثَنِي رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي حَاجَةٍ، فَأَجْنَبْتُ فَلَمْ أَجِدِ الْمَاءَ، فَتَمَرَّغْتُ فِي الصَّعِيدِ كَمَا تَمَرَّغُ الدَّابَّةُ ثُمَّ أَتَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَذَكَرْتُ ذَلِكَ لَهُ فَقَالَ: «إِنَّمَا كَانَ يَكْفِيكَ أَنْ تَقُولَ بِيَدَيْكَ هَكَذَا» ثُمَّ ضَرَبَ بِيَدَيْهِ الْأَرْضَ ضَرْبَةً وَاحِدَةً، ثُمَّ مَسَحَ الشِّمَالَ عَلَى الْيَمِينِ، وَظَاهِرَ كَفَّيْهِ وَوَجْهَهُ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော့်အား ကိစ္စတစ်ခုအတွက် စေလွှတ်ခဲ့သည်။ ကျွန်တော်သည် ရေချိုးရန် တာဝန်ထိုက်ခဲ့ပြီး ရေကိုလည်း မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် တိရစ္ဆာန်များ လူးလှိမ့်သကဲ့သို့ မြေပြင်ပေါ်တွင် လူးလှိမ့်ခဲ့ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။

صحيح متفق عليه صحيح مسلم - 368

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)အား ကိစ္စအချို့အတွက် ခရီးတစ်ခုကို စေလွှတ်ခဲ့သည်။ သူသည် သံဝါသမှုကြောင့် သို့မဟုတ် ရာဂစိတ်ကြောင့် မနီထွက်သဖြင့် ဂျာနာဗသ် ရေချိုးရန် တာဝန်ထိုက်ခဲ့သည်။ ဂျနာဗသ်အတွက် ရေချိုးရန်လည်း ရေမရရှိခဲ့ပါ။ သူသည် ဂျနာဗသ်အတွက် သယမ္မုမ် လုပ်ရမည့် အမိန့်ကိုလည်း မသိခဲ့ပါ။ သယမ္မုမ်၏ အမိန့်ကိုဟဒတ်ဆ် အဆ်ွဂရ် (ဝူဿွူပျက်သည့် မသန့်ဖြစ်ခြင်း)အတွက်သာ ပြုလုပ်ရသည်ဟု သိထားသည်။ ထို့ကြောင့် သူသည် အိဂ်ျသိဟာဒ် ပြုလုပ်ခဲ့သည်။ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်သည့်ခါ ဝူဿွူပြုသည့် အစိတ်အပိုင်းအချို့ကို မြေပြင်ပေါ်မှသဲဖြင့် ပွတ်သပ်ရသကဲ့သို့ ဂျနာဗသ်ကြောင့် သယမ္မုမ်ပြုလုပ်ရာတွင်လည်း (ရေဖြင့် နှိုင်းယှဉ်ချိန်ထိုးကာ) ခ‌န္ဓာကိုယ်တစ်ခုလုံးကို မြေကြီးဖြင့် မဖြစ်မနေ ပွတ်သပ်ရမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို မြေပေါ်တွင် လူးလှိမ့်ခဲ့ပြီးနောက် ဆွလာသ်ဝတ်ပြုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိမိမှားသလား၊ မှန်သလားဆိုသည်ကို သိနိုင်ရန်အတွက် ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အပေါ့သွားခြင်းကဲ့သို့ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်ခြင်းနှင့် ဂျနာဗသ်ကဲ့သို ဟဒတ်ဆ် အက္ကဗရ် ဖြစ်ခြင်း နှစ်ခုစလုံးအတွက် သယမ္မုမ် ပြုလုပ်ရမည့် နည်းလမ်းကို ရှင်းပြတော်မူခဲ့သည်။ ထိုနည်းလမ်းးမှာ လက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်ပြီးနောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်ကာ မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သယမ္မုမ် မပြုမီ ရေရှာဖွေရန် တာဝန်ရှိသည်။
  2. ဂျာနာဗသ်ကြောင့် ကိုယ်မသန့်ဖြစ်သူသည် ရေမရရှိပါက သယမ္မုမ်ပြုလုပ်ရန် သတ်မှတ်ထားသည်။
  3. ရေချိုးရန် တာဝန်ထိုက်သည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်သည် ဝူဿွူမရှိသည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်နှင့် အတူတူပင်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

59 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية