1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'

عَنْ حَارِثَةَ بْنِ وَهْبٍ الخُزَاعِيِّ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«أَلاَ أُخْبِرُكُمْ بِأَهْلِ الجَنَّةِ؟ كُلُّ ضَعِيفٍ مُتَضَعِّفٍ، لَوْ أَقْسَمَ عَلَى اللَّهِ لَأَبَرَّهُ، أَلاَ أُخْبِرُكُمْ بِأَهْلِ النَّارِ: كُلُّ عُتُلٍّ جَوَّاظٍ مُسْتَكْبِرٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟာရိစဟ် ဗင်န် ဝဟ်ဗ် အလ်ခုဇာအီ (ရဿိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။
" ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'"

صحيح متفق عليه صحيح البخاري - 4918

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂျန္နတ်သုခဘုံသားများ၏ ကြန်အင်လက္ခဏာအချို့နှင့် ဂျဟန္နမ်ငရဲသားများ၏ ကြန်အင်လက္ခဏာအချို့ကို အသိပေးမိန့်ကြား‌တော်မူခဲ့သည်။
ဂျန္နတ်သုခဘုံသားအများစုသည် အားအင်ချိနဲ့သူ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်ရှေ့‌တော်၌ နှိမ့်ချရိုကျိုးသူ၊ ကိုယ့်ကိုယ်ကို ချိုးနှိမ်သူများ ဖြစ်ကြသည်။ ထို့‌ကြောင့် အချို့လူများက သူတို့ကို အားနည်းသူများဟု မှတ်ယူပြီး အထင်မြင်သေးတတ်ကျသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ရှေ့‌တော်၌ သူတို့၏ ဂုဏ်သိက္ခာသည် အလွန်ကြီးမြင့်‌လေသည်။ ဤကဲ့သို့ အလ္လာဟ်အရှင်မြတ်အတွက် မိမိကိုယ်မိမိနှိမ့်ချကျိုးနွံသူသည် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး‌တော်နှင့် ချီးမြှင့်ရက်ရောမှုကို မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ၏ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးတော်မူမည်။ ထို့ပြင် သူ၏ကျိန်ဆိုမှုကို မှန်ကန်စေပြီး သူ၏ တောင်းဆိုချက်နှင့် ဒုအာကို လက်ခံဖြေကြားပေးတော်မူမည်။
ဂျဟန္နမ်ငရဲသားအများစုသည် "အုသုလ်" ခေါ် ကြမ်းတမ်းခက်ထန်သူ၊ အလွန်အငြင်းပွားသူ သို့မဟုတ် မ‌ကောင်းမှုကို ကျူးလွန်ရန် အလွန်ဆန္ဒပြင်းထန်သူများ ဖြစ်ကြသည်။ " ဂျောင်ဝ်ဝါးဇ်" ခေါ် မာနထောင် လွှားသူ၊ အစား ကြူးသူ၊ ကိုယ် ခန္ဓာ ကြီးမားထွားကြိုင်းသူ၊ လမ်းလျှောက်ပုံတွင် မော်ကြွားသူများ ဖြစ်ကြသည်။ "မုသကတ်ဗိရ်" ခေါ် မာနထောင်လွှားသူ၊ အမှန်တရားကို ပယ်ချသူ၊ အခြားသူများကို အထင်အမြင်သေးသူများ ဖြစ်ကြသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျန္နသ်သုခဘုံသားတို့၏ ကြန်အင်လက္ခဏာများကို ပိုင်ဆိုင်ရန် တိုက်တွန်းခြင်းနှင့် ဂျဟန္နမ်ငရဲသားတို့၏ ကြန်အင်လက္ခဏာများမှ သတိပေးခြင်း။
  2. နှိမ့်ချရိုကျိုးခြင်း (تواضع) သည် နှစ်မျိုးရှိသည်။ ၁။ အလ္လာဟ်အရှင်မြတ်အား နှိမ့်ချရိုကျိုးခြင်း - ၎င်းသည် အရှင်မြတ်၏ အမိန့်တော်များနှင့် တားမြစ်ချက်များကို နာခံလိုက်နာခြင်းဖြင့် ဖြစ်သည်။ ၂။ အဖန်ဆင်းခံတို့အား နှိမ့်ချရိုကျိုးခြင်း - ၎င်းမှာ လူသားသည် အခြားသူများအပေါ် မာန်မာန‌ ထောင်လွှားခြင်းမပြုဘဲ နှိမ့်ချစွာဆက်ဆံခြင်းဖြင့် ဖြစ်သည်။
  3. အစ်ဗ်နုဟဂျရ်ကဆိုသည်မှာ "ဂျန္နတ်သုခဘုံသားအများစုသည် ဤပထမအမျိုးအစား (အရှင်မြတ်နှင့် လူသားအချင်းချင်းတွင် ရိုကျိုးသူများ) ဖြစ်ကြသည်။ အလားတူ ဂျဟန္နမ်ငရဲသားအများစုသည်ဒုတိယအမျိုးအစား (မာန်မာနထောင်လွှားသူများ) ဖြစ်ကြသည်။ (ဤသို့ပြောရာတွင်) ရည်ရွယ်ချက်မှာ နှစ်ဖက်စလုံးတွင် ဤသူများသာလျှင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်၊ များသောအားဖြင့် ဤသူများဖြစ်ကြသည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။"

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية