عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«الدُّعَاءُ لاَ يُرَدُّ بَيْنَ الأَذَانِ وَالإِقَامَةِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရ‌ပေ။

صحيح رواه أبو داود والترمذي والنسائي سنن الترمذي - 212

ရှင်းလင်းချက်

အဇာန်နှင့် အိကာမသ်၏ ကြားတွင် ဒုအာတောင်းခံခြင်း၏ မွန်မြတ်မှုနှင့် ထိုအချိန်၌ ဒုအာတောင်းခံခြင်းသည် ပယ်ချခြင်းမခံရဘဲ အလျင်အမြန် လက်ခံခြင်း ခံရတော်မူသည်ဟု တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မှ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤအချိန်တွင် ဒုအာတောင်းခံခြင်း၏ မွန်မြတ်မှု။
  2. ဒုအာ‌တောင်းသူသည် ဒုအာတောင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး၊ ဒုအာလက်ခံခြင်းခံရသည့် နေရာများနှင့် အချိန်များကို ထောက်ရှုလျက် ဒုအာတောင်းခံခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖီဆန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သံသယဖြစ်ဖွယ်ရာများမှ ကင်းဝေးခြင်းနှင့် အရှင်မြတ်အပေါ် အထင်မြင်ကောင်းထားခြင်းစသော အချက်များနှင့် ပြည့်စုံပါက၊ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် ၎င်း၏ဒုအာသည် လက်ခံခြင်းခံရမည်ဟု မျှော်လင့်ရသည်။
  3. အလ်မုနာဝီက ဒုအာလက်ခံခြင်း ခံရခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်- ဒုအာ၏ စည်းကမ်းချက်များ၊ အခြေခံများနှင့် ရိုသေသမှုများကို ဂရုစိုက်လိုက်နာပါက ဒုအာလက်ခံခြင်းခံရသည်။ အကယ်၍ ယင်းတို့အနက်မှ တစ်စုံတစ်ရာ ချို့တဲ့ပါက ဒုအာလက်ခံခြင်း မခံရသည့်အတွက် မိမိကိုယ်ကိုသာ အပြစ်တင်ရမည်ဖြစ်သည်။
  4. ဒုအာလက်ခံခြင်းခံရခြင်း၏ အဓိပ္ပာယ်မှာ လူသားအား ၎င်းတောင်းဆိုထားသောအရာကို ချက်ချင်းပေးတော်မူခြင်း (သို့မဟုတ်) ၎င်းတောင်းခံခဲ့သည့် ဒုအာနှင့် ညီမျှသော ဘေးအန္တရာယ်တစ်စုံတစ်ရာကို ၎င်းထံမှ ဖယ်ရှားပေးတော်မူခြင်း (သို့မဟုတ်) ၎င်း၏အာခိရသ်အတွက် သိမ်းဆည်းထားပေးတော်မူခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် အရှင်မြတ်၏ ကရုဏာတော်အပေါ် မူတည်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

50 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية