عَن أَبي هُرَيْرَةَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«الْحَلِفُ مَنْفَقَةٌ لِلسِّلْعَةِ، مَمْحَقَةٌ لِلرِّبْحِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
"ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော် လည်း အမြတ်အ စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ သည်။"

صحيح متفق عليه صحيح مسلم - 1606

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျိန်ဆိုခြင်းများစွာ မပြုလုပ်ရန် သတိပေးတော်မူခဲ့သည်။ အကယ်၍ မိမိပြောဆိုရာတွင် မှန်ကန်နေသည့်တိုင် ကျိန်ဆိုခြင်းကို ရှောင်ကြဉ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ ကျိန်ဆိုခြင်းသည် ကုန်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာစေရန် အကြောင်းဖန်လာတတ်သော်လည်း၊ ရရှိလာသော အမြတ်အစွန်းနှင့် ဝင်ငွေတို့၏ဗရ်ကသ်ကို လျော့နည်းပျက်စီးစေတတ်သောကြောင့် ဖြစ်သည်။ ထိုသို့ကျိန်ဆိုကာ ရောင်းဝယ်ခြင်းကြောင့် ရရှိလာသောဥစ္စာပစ္စည်းများသည် ခိုးခံရခြင်း၊ မီးလောင်ခြင်း၊ ရေနစ်မြုပ်ခြင်း၊ မတရားသိမ်းယူခံရခြင်း၊ လုယက်ခံရခြင်းစသည့် ဘေးအန္တ ရာယ်အမျိုးမျိုး ကျရောက်ကာ ပျက်စီးဆုံးရှုံးရတတ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျိန်ဆိုခြင်းသည် အလွန်ကြီးကျယ်လေးနက်သော ကိစ္စဖြစ်ပြီး၊ အလွန်လိုအပ်မှသာ ပြုလုပ်သင့်သည်။
  2. ၂။ ပမာဏအားဖြင့် များပြားသည့်တိုင် ဟရာမ်ဝင်ငွေသည် ဗရ်ကသ်မင်္ဂလာကင်းမဲ့နေပြီး၊ ထိုငွေ၌ ကောင်းကျိုးတစ်စုံတစ်ရာ မရှိပေ။
  3. ၃။ မွလ္လာအလီကာရီက ဆိုသည်- ရရှိလာသော ဥစ္စာပစ္စည်း၏ ဗရ်ကသ်ပျောက်ဆုံးခြင်းဆိုသည်မှာ - ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ လောက၌ အကျိုးမရှိသော သို့မဟုတ် နောင်တမလွန်အတွက် ကုသိုလ်မရနိုင်သော နေရာမျိုးတွင် သုံးစွဲခြင်း၊ သို့မဟုတ် ထိုဥစ္စာသည် လက်ဝယ်တွင် ဆက်လက်တည်ရှိနေသော် လည်း ၎င်းမှ အကျိုးခံစားခွင့် မရရှိခြင်း၊ သို့မဟုတ် ၎င်းကို ကျေးဇူးမသိတတ်သော အမွေခံများထံသို့ အမွေအဖြစ် ရောက်ရှိသွားခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဖြစ်တတ်သည်။
  4. ၄။ အိမာမ်နဝဝီက ဆိုသည်- ဤဟဒီးစ်တော်တွင် အရောင်းအဝယ်ပြုလုပ်ရာတွင် များစွာကျိန်ဆိုခြင်းမှ တားမြစ်ထားသည်။ မလိုအပ်ဘဲ ကျိန်ဆိုခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်ရာ) ဖြစ်သည်။ အထူးသဖြင့် ကုန်ပစ္စည်းရောင်းအားတိုးစေရန် ရည်ရွယ်ချက်ဖြင့် ကျိန်ဆိုခြင်းသည် ဝယ်ယူသူအား လှည့်စားရာရောက်နိုင်သောကြောင့် ပိုမိုဆိုးရွားသည်။
  5. ၅။ များစွာကျိန်ဆိုခြင်းသည် အီမာန်ယုံကြည်ခြင်းနှင့် သောင်ဟီးဒ်တရားတို့၌ ချို့တဲ့လျော့နည်းမှုကို ဖြစ်စေသည်။ အကြောင်းမှာ များစွာကျိန်ဆိုခြင်း မသည် အောက်ပါ အကျိုးဆက်နှစ်ခုကို ဖြစ်ပေါ်စေတတ်သောကြောင့်ဖြစ်သည်။ ပထမအချက် - ကျိန်ဆိုခြင်းကို ပေါ့‌ပေါ့တန်တန် သဘောထားကာ၊ ၎င်း၏ လေးနက်မှုကို ဂရုမထားတတ်တော့ခြင်း။ ဒုတိယအချက် - မုသားစကား ပြောမိခြင်း။ ကျိန်ဆိုခြင်း များလေလေ မုသားပါဝင်နိုင်ခြေလည်း များလေဖြစ်သည်။ ထို့ကြောင့် ကျိန်ဆိုခြင်းကို အတတ်နိုင်ဆုံး လျှော့ချသင့်ပြီး မလိုအပ်ဘဲ များပြားစွာ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။ ဤအတွက်ကြောင့်ပင် အလ္လာဟ်အရှင်မြတ်က "သင်တို့၏ ကျိန်ဆိုခြင်းများကို ထိန်းသိမ်းကြလော့" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည် ။ (အလ်-မာအိဒဟ် ၅:၈၉)

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية