1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အတ္ထုပ္ပတ္တိနှင့် သမိုင်း။

ဟဒီးဆ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်

عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضِيَ اللَّهُ عَنْهَا أَنَّهَا قَالَتْ:
مَا خُيِّرَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بَيْنَ أَمْرَيْنِ إِلَّا أَخَذَ أَيْسَرَهُمَا، مَا لَمْ يَكُنْ إِثْمًا، فَإِنْ كَانَ إِثْمًا كَانَ أَبْعَدَ النَّاسِ مِنْهُ، وَمَا انْتَقَمَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لِنَفْسِهِ إِلَّا أَنْ تُنْتَهَكَ حُرْمَةُ اللَّهِ، فَيَنْتَقِمَ لِلَّهِ بِهَا.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့ ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့ ပြန်တော်မူသည်။

صحيح متفق عليه صحيح البخاري - 3560

ရှင်းလင်းချက်

မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့သောကိုယ်ကျင့်တရားများနှင့်ပတ်သက်၍ အသိပေးတင်ပြခဲ့ပြီး ၎င်းအနက်အချို့မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ သို့သော် ထိုလွယ်ကူသောအရာသည် အပြစ်တစ်စုံတစ်ရာ ဖြစ်စေနိုင်လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပို၍ခက်ခဲသောအရာကိုသာ ရွေးချယ်တော်မူသည်။ ထို့အတူ တမန်တော်မုတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာကိစ္စများအတွက် မည်သည့်အခါမျှ လက်တုံ့ပြန်တော်မမူခဲ့ပေ။ မိမိ၏ရပိုင်ခွင့်ကို ကျူးလွန်ခံရလျှင်ပင် ခွင့်လွှတ်တော်မူသည်၊ လျစ်လျူရှုတော်မူသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို ချိုးဖောက်ကျူးလွန်မှုများ (အလ္လာဟ်၏ စည်းမျဉ်းတော်များ ချိုးဖောက်ခံရခြင်း) နှင့် ကြုံတွေ့ရသောအခါတွင်မူ အလ္လာဟ်အရှင်မြတ်အတွက်သာ လက်တုံ့ပြန်တော်မူသည်။ ထိုသို့သော အခြေအနေမျိုးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်မှုအတွက် အမျက်တော်သည် အခြားကိစ္စရပ်များထက် အဆမတန်ပိုမိုပြင်းထန်လေ့ရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အပြစ်ပါဝင်ခြင်းမရှိသရွေ့ ကိစ္စရပ်များတွင် ပို၍လွယ်ကူသောနည်းလမ်းကို ကျင့်သုံးခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  2. ၂။ အစ္စလာမ်သာသနာသည် လွယ်ကူမှုကို ရှေးရှုသော သာသနာဖြစ်သည်။
  3. ၃။ အလ္လာဟ်အရှင်မြတ်အတွက် (အရှင်၏စည်းမျဉ်းများ ချိုးဖောက်ခံရသည့်အခါ) အမျက်ထွက်ခြင်းသည် တရားတော်၌တောင်းဆိုထားသော လုပ်ရပ်ဖြစ်သည်။
  4. ၄။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသည့် စည်းမျဥ်းပညတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မှန်ကန်မျှတစွာ ဆောင်ရွက်ခြင်း စသည့်အရည်အသွေးများ ပိုင်ဆိုင်ထားသည်။
  5. ၅။ အိမာမ်အိဗ်နုဟဂျရ်က ဤဟဒီးစ်တော်တွင် ခက်ခဲသောအရာကို စွန့်လွှတ်ကာ လွယ်ကူသောအရာဖြင့် ကျေနပ်ရောင့်ရဲနေခြင်း၊ လိုအပ်သည်ထက်ပို၍ တင်းကျပ်စွာ မဆောင်ရွက်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
  6. ၆။ အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးများ(ကို ချိုးဖောက်ခြင်း) မှ အပ ကျန်ကိစ္စရပ်များတွင် ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန် အားပေးတိုက်တွန်းထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

46 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية