1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အကြင်သူ၌ သစ္စာသမာဓိမရှိ၊ ထိုသူ၌ အီမာန်ယုံကြည်ခြင်း မရှိပေ။ အကြင်သူသည် ကတိကို စောင့်သိခြင်းမရှိ။ ထိုသူ၌ ဒီန်သာသနာ မရှိပေ။

عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: مَا خَطَبَنَا نَبِيُّ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِلَّا قَالَ:
«لَا إِيمَانَ لِمَنْ لَا أَمَانَةَ لَهُ، وَلَا دِينَ لِمَنْ لَا عَهْدَ لَهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်မှာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကျွန်တော်တို့အား ဟောပြောမိန့်ကြားသည့်အခါတိုင်း၌ ဤသို့ မိန့်တော်မူသည်-
"အကြင်သူ၌ သစ္စာသမာဓိမရှိ၊ ထိုသူ၌ အီမာန်ယုံကြည်ခြင်း မရှိပေ။ အကြင်သူသည် ကတိကို စောင့်သိခြင်းမရှိ။ ထိုသူ၌ ဒီန်သာသနာ မရှိပေ။"

حسن لغيره رواه أحمد مسند أحمد - 12383

ရှင်းလင်းချက်

အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်- “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ဟောပြောတိုင်း၊ သွန်သင်ဆုံးမတိုင်း ဤအချက်နှစ်ရပ်ကို သတိပေးတော်မူသည်” ၁။ မည်သူမဆို အခြားသူ၏ ဥစ္စာ၊ အသက် သို့မဟုတ် မိသားစုဝင်များနှင့် စပ်လျဉ်း၍ သစ္စာဖောက်ပါက၊ ထိုသူ၏ အီမာန်သည် ပြည့်စုံမည် မဟုတ်။ ၂။ မည်သူမဆို ပဋိညာဉ်နှင့် ကတိသစ္စာများကို ချိုးဖျက်ပြီး သစ္စာဖောက်ပါက၊ ထိုသူ၏ ဒီန်သာသနာသည် ပြည့်စုံမည် မဟုတ်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မိမိထံအပ်နှင်းထားသည်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကတိသစ္စာကို ပြည့်ဝစွာထမ်းဆောင်ရန် တိုက်တွန်းထားသည်။ အကြောင်းမှာ ၎င်းတို့ကို ချိုးဖောက်ခြင်းသည် အီမာန်ကို လျော့ကျစေသောကြောင့်ဖြစ်သည်။
  2. မိမိထံအပ်နှင်းထားသည်များကို သစ္စာဖောက်ခြင်းနှင့် ကတိသစ္စာကို ချိုးဖောက်ခြင်းတို့သည် ကြီးလေးသောအပြစ်များဖြစ်ကြောင်း သတိပေးထားသည်။
  3. ဤဟဒီးစ်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ကြားရှိ ကတိသစ္စာများအပြင် လူသားချင်းအချင်းချင်းကြားရှိ ကတိသစ္စာများကိုပါ ထိန်းသိမ်းစောင့်ရှောက်ရန် အကျုံးဝင်စေပါသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

35 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية