1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။

عَنْ عَمْرِو بْنُ سُلَيْمٍ الأَنْصَارِيُّ قَالَ: أَشْهَدُ عَلَى أَبِي سَعِيدٍ قَالَ: أَشْهَدُ عَلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الغُسْلُ يَوْمَ الجُمُعَةِ وَاجِبٌ عَلَى كُلِّ مُحْتَلِمٍ، وَأَنْ يَسْتَنَّ، وَأَنْ يَمَسَّ طِيبًا إِنْ وَجَدَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အမ်ရ်ဗင်န်ဆုလိုင်မာန် အလ်အန်ဆွာရီ ဆင့်ပြန်သည်မှာ ကျွန်တော်သည် ဤဟဒီးဆ်ကို အဗူစအီးဒ်ဆင့်ပြန်ကြောင်း သက်သေပေးပါသည်။ ကျွန်တော်သည် ဤဟဒီးဆ်ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့ကြောင်း သက်သေပေးပါသည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။

صحيح متفق عليه صحيح البخاري - 880

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သောကြာနေ့တွင် ရေချိုးခြင်းသည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိသူ အရွယ်ရောက်ပြီးသော မွတ်စ်လင်မ် အမျိုးသားတိုင်းအပေါ် အလွန်အရေးကြီးသော တာဝန်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် သွားများကို တံပူနှင့် တံပူကဲ့သို့သောအရာများဖြင့် သွားတိုက်ရန်၊ မွှေးကြိုင်သောရနံ့ရှိသောအရာများဖြင့်အမွှေးအကြိုင်သုတ်လိမ်းရန် အမိန့်ပေးထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သောကြာနေ့တွင် ရေချိုးခြင်းသည် အရွယ်ရောက်ရွယ်ရောက်ပြီးသူ မွတ်စ်လင်မ်အမျိုးသားတိုင်းအပေါ် အလွန်အရေးပါသော မွတ်စ်သဟဗ်ဖြစ်သည်။
  2. သန့်ပြန့်မှုရှိခြင်း၊ အနံ့ဆိုးများ ပပျောက်သွားအောင်ပြုလုပ်ခြင်းတို့သည် မွတ်စ်လင်မ်တစ်ဦးအတွက် ရှရီအသ် တရားတော်က တောင်းဆိုထားသော အရာပင်ဖြစ်သည်။
  3. သောကြာနေ့ကို ဂုဏ်ပေးရန်၊ သောကြာနေ့အတွက်ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းထားသည်။
  4. သောကြာနေ့တွင် တံပူစားခြင်းသည် အလွန်အရေးပါသော မွတ်စ်သဟဗ်ဖြစ်သည်။
  5. သောာကြာဆွလာသ်ဝတ်ပြုရန်မသွားမီအလျင် မည့်သည့်ရေမွှေးကိုမဆို သုံးဆွဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  6. အမျိုးသမီးများသည် ဆွလာသ်ဝတ်ပြုရန် သို့မဟုတ် အခြားကိစ္စရပ်များအတွက် အိမ်မှထွက်ခွာသောအခါ မွှေးကြိုင်သောရနံ့ကို မသုံးစွဲရန် တားမြစ်ထားသည်။ ဤသို့ပြုခြင်းမှာ ဟရာမ်ဖြစ်ကြောင်း ဟဒီးဆ်တော်လာ အထောက်ထားများအရ သိရှိရသည်။
  7. အရွယ်ရောက်ခြင်းကို အမှတ်အသားအချို့ဖြင့်သိရှိနိုင်သည်။ ထိုအမှတ်အသားများအနက် သုံးခုသည် အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးနှင့် သက်ဆိုင်သည်။ ၎င်းတို့မှာ ၁။ အသက် (၁၅) နှစ် ပြည့်မြောက်ခြင်း၊ ၂။ လိင်အင်္ဂါပတ်လည်တွင် အမွေးအရင့်များ ပေါက်ခြင်း၊ ၃။ အိပ်မက်မက်ခြင်းကြောင့်ဖြစ်စေ၊ ရာဂစိတ်ကြောင့်ဖြစ်စေသုတ်လွှတ်ခြင်း။ စတုတ္ထအမှတ်အသားသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်။ ၎င်းမှာ ရာသီသွေးပေါ်ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ရာသီသွေးပေါ်ပါက သူမသည် အရွယ်ရောက်ပြီဟုသတ်မှတ်ရသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية