عَنْ مَيْمُونَةُ أُمِّ المؤمِنينَ رضي الله عنها قَالتْ:
وَضَعْتُ لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ غُسْلًا، فَسَتَرْتُهُ بِثَوْبٍ، وَصَبَّ عَلَى يَدَيْهِ، فَغَسَلَهُمَا، ثُمَّ صَبَّ بِيَمِينِهِ عَلَى شِمَالِهِ، فَغَسَلَ فَرْجَهُ، فَضَرَبَ بِيَدِهِ الأَرْضَ، فَمَسَحَهَا، ثُمَّ غَسَلَهَا، فَمَضْمَضَ وَاسْتَنْشَقَ، وَغَسَلَ وَجْهَهُ وَذِرَاعَيْهِ، ثُمَّ صَبَّ عَلَى رَأْسِهِ وَأَفَاضَ عَلَى جَسَدِهِ، ثُمَّ تَنَحَّى، فَغَسَلَ قَدَمَيْهِ، فَنَاوَلْتُهُ ثَوْبًا فَلَمْ يَأْخُذْهُ، فَانْطَلَقَ وَهُوَ يَنْفُضُ يَدَيْهِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
ကျွန်မသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အတွက်( ဂျနာဗသ်ကိုယ်မသန့်ဖြစ်ခြင်းမှ‌ ရေချိုးသန့်စင်တော်မူရန်) ရေကိုထား‌ပေးခဲ့ပါသည်။ ထို့နောက် ကိုယ်တော့်အား ( မည်သူမှမမြင်‌စေရန် ) အဝတ်တစ်ခုဖြင့် ဖုံးကာပေးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ယင်းလက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ပလုတ်ကျင်းတော်မူပြီး နှာခေါင်းအတွင်းသို့ ရေသွင်းတော်မူခဲ့သည်။ ထို့နောက် မိမိ၏မျက်နှာနှင့် လက်နှစ်ဖက်ကို ( တံတောင်ဆစ်အထိ )ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ဦးခေါင်းပေါ်သို့ ရေလောင်းတော်မူပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ( ထိုရေချိုးနေသည့်နေရာမှ )ရွေ့သွားကာ ခြေထောက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ကျွန်မသည် ( ကိုယ်သုတ်ရန် ) အဝတ်တစ်ထည်ပေးရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်းကိုလက်မခံဘဲ မိမိ၏လက်ဖြင့် ရေကိုခါထုတ်ကာ ထွက်သွားတော်မူခဲ့သည်။

صحيح متفق عليه صحيح البخاري - 276

ရှင်းလင်းချက်

မုအ်မင်န်တို့၏ မိခင်မွန်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂျနာဗသ် ( ကိုယ်မသန့်ဖြစ်ခြင်းမှ ) ရေချိုးခြင်း နည်းစနစ်ကို ရှင်းပြခဲ့သည်။ သူမက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ရေချိုးရန်ရေကို ထားရှိပေးခဲ့ပြီး အကာအရံတစ်ခုဖြင့်လည်း ကိုယ်‌တော့်ကို အကာအ ကွယ်ပြုပေးခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်-
။ ( ၁ ) ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဘက်ကို အိုးခွက်ထဲသို့ မထည့်မှီ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ဆေးကြောတော်မူခဲ့သည်။
( ၂ ) အရှက်အင်္ဂါတွင် ကပ်ငြိနေနိုင်သော ဂျနာဗသ်၏ အကြွင်းအကျန်များကို သန့်စင်ရန် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။
( ၃ ) လက်များတွင်ရှိသော အညစ်အကျေးကို ဖယ်ရှားရန်အတွက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။
( ၄ ) မဿ်ွမဿွဟ်ပြုလုပ် ( ပလုတ် ကျင်း ) ခဲ့သည်။ ဆိုလိုသည်မှာ ရေကို ပါးစပ်ထဲသို့ ထည့်၍ ပါးစပ်အတွင်း လှုပ်ရှားပေးပြီး ထိုရေကို ထွေးထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အိစ်သင်န်ရှားက် ( နှာခေါင်းသန့်စင်ခြင်း ) ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ နှာခေါင်းအတွင်းသို့ ရေထည့်ပြီး တစ်ဆက်တည်းရှူရှိုက်ကာ သန့်စင်စေရန် ထိုရေကိုပြန်ထုတ်ခြင်းဖြစ်သည်။
( ၅ ) မိမိ၏ မျက်နှာနှင့် လက်မောင်းနှစ်ဖက်ကို (လက်နှစ်ဖက်ကိုတံတောင်ဆစ်အပါအဝင်) ဆေးကြောခဲ့သည်။
( ၆ ) မိမိ၏ ဦးခေါင်းပေါ်သို့ ရေလောင်းချ‌တော် မူခဲ့သည်။
( ၇ ) ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများပေါ်သို့ ရေလောင်းချတော်မူခဲ့သည်။
( ၈ ) မိမိ၏ (ရေချိုး‌နေသည့် ) နေရာမှရွေ့ကာ ခြေထောက်နှစ်ဖက်ကို ( ရေချိုး‌နေစဥ် ရေမဆိုထားသည့် ) အခြားနေရာတွင် ဆေးကြောခဲ့သည်။
ထို့နောက် သခင်မသည် ကိုယ်တော့်ထံ ခန္ဓာကိုယ်မှ ရေများကို သုတ်နိုင်ရန် အဝတ်စတစ်ခုကို ယူလာပေးခဲ့သော်လည်း ကိုယ်တော်သည် ယင်းအဝတ်စကို ယူခြင်းမပြုဘဲ မိမိ၏လက်တော်ဖြင့် ခန္ဓာကိုယ်မှ ရေများကို သုတ်ပြီး ခါထုတ်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇနီးကြင်ယာတော်များသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဘဝသက်တမ်းရဲ့အသေးစိတ်အချက်အလက်များကိုပင် ဂရုတစိုက်အလေးထား ရှင်းလင်းတင်ပြခြင်းသည် အွမ္မသ်ထုအား သင်ကြားပြသပေးရန်အတွက် ဖြစ်သည်။
  2. ဤပုံစံအတိုင်း ရေချိုးခြင်းသည် ဂျနာဗသ် (ကိုယ်မသန့်ဖြစ်ခြင်း) အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ အတည်ပြုလာရှိထား‌သော အပြည့်အစုံဆုံး ရေချိုးခြင်းဆိုင်ရာ ပုံစံတစ်ခုဖြစ်သည်။ သို့ရာတွင်၊ ရေချိုးခြင်း၏ မဖြစ်မနေလိုအပ်သော အနည်းဆုံးအခြေအနေမှာ ကိုယ်ခန္ဓာအနှံ့ ရေလောင်းခြင်း၊ ပလုတ်ကျင်းခြင်းနှင့် နှာခေါင်းထဲသို့ ရေသွင်းခြင်း တို့ဖြစ်သည်။
  3. ရေချိုးပြီးနောက်ဖြစ်စေ၊ ဝူဿွူလုပ်ပြီးနောက် ဖြစ်‌စေ ကိုယ်ခန္ဓာကို အဝတ်ဖြင့် သုတ်ခြင်း သို့မဟုတ် မသုတ်ဘဲ ထားခြင်း နှစ်မျိုးလုံး ပြုလုပ်ခွင့်ရှိသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية