1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ:
أَوْصَانِي خَلِيلِي صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِثَلاَثٍ: صِيَامِ ثَلاَثَةِ أَيَّامٍ مِنْ كُلِّ شَهْرٍ، وَرَكْعَتَيِ الضُّحَى، وَأَنْ أُوتِرَ قَبْلَ أَنْ أَنَامَ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။

صحيح متفق عليه صحيح البخاري - 1981

ရှင်းလင်းချက်

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ၎င်း၏ အချစ်တော်နှင့် အဆွေခင်ပွန်းဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အချက်သုံးချက်ကို မှာတမ်းတော်မူခဲ့သည်ဟု အသိပေး တင်ပြခဲ့သည်။ ၎င်းတို့မှာ -
၁။ လစဉ် သုံးရက် စွိယာမ်ဥပုသ်‌စောင့်ထိန်းရန်။
၂။ ဆွလာသွဒ်ဒုဟာ ( ကျားရှ်နမားဇ်) နှစ်ရကအသ်ကို နေ့စဉ် ဝတ်ပြုရန်။
၃။ မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုရန်။ ဤသည် ည၏ နောက်ဆုံးအချိန်၌ မနိုးမည်ကို စိုးရိမ်သူအဖို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗဟ်သာဝကများအား မိန့်မှာသည့် မှာတမ်းချက်များသည် ၎င်းတို့၏ အခြေအနေကွဲပြားခြားနားမှုအား သိနားလည်ခြင်းပေါ် အခြေခံသည်။ ဥပမာ - အင်အားရှိသူအား ဂျိဟာဒ်၊ အိဗာဒသ်တရားအားထုတ်သူအား ဝတ်ပြုမှုနှင့် ပညာရှင်အား ပညာစသည်ဖြင့် အသီးသီး ညွှန်ကြားခဲ့သည်။
  2. အိဗ်နုဟဂျရ် အစ်ကလာနီက ဆိုသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မိန့်ကြားချက်တွင်ပါဝင်သည့် လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း ဟူသည် အိုင်ယာမိဗီးဿ်ွခေါ် ဟိဂျရီလ၏ (၁၃၊၁၄၊၁၅) ရက်များကို ဆိုလိုသည်။
  3. အိဗ်နုဟဂျရ်ကပင် ဆိုသည်- ထို့ပြင် ဤဟဒီးစ်တော်တွင် ညအချိန် နိုးထရန် မရေရာသူများအတွက် မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  4. ဤအချက် သုံးချက်၏ အရေးပါမှုမှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ ဆွဟာဗဟ်သာဝကများအနက်မှ အချို့အား ယင်းအချက် သုံးချက်ကို (မပျက်မကွက်) ပြုလုပ်ရန် မှာတမ်းခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။
  5. အိဗ်နု ဒကီးကိလ်အီးဒ်က ဆွလာသွသ်ဒုဟာ နှစ်ရကအသ်ဆိုသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်နှင့်ပတ်သတ်၍ ဤသို့ဆိုသည်- ကိုယ်တော်သည် ဝတ်ပြုရန် အလေးအနက် တိုက်တွန်းထားသည့် အနည်းဆုံး ပမာဏအား တင်ပြတော်မူခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ပြင် ဤအချက်တွင် ဆွလာသွသ်ဒုဟာ ( ကျားရှ်နမားဇ် ) ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းနှင့် ၎င်း၏ အနည်းဆုံးပမာဏမှာ နှစ်ရကအသ်ဖြစ်ကြောင်း ညွှန်ပြထားသည်။
  6. ဆွလာသွသ်ဒုဟာ ( ကျားရှ်နမားဇ် )၏ အချိန်သည်‌ နေထွက်ပြီး (၁၅)မိနစ်ခန့်မှ နေ့လည် ဇုဟုရ်အချိန်မတိုင်မီ (၁၀)မိနစ်အထိဖြစ်ပြီး၊ ၎င်း၏ အရေအ တွက်- အနည်းဆုံး (၂)ရကအသ်ဖြစ်ပြီး၊ အများဆုံးမှာ (၈)ရကအသ် (သို့) အကန့်အသတ်မရှိ ဟူ၍ အမျိုးမျိုး ဖော်ပြကြသည်။
  7. ဝိသိရ်ဆွလာသ်၏ အချိန်သည် အီရှာဆွလာသ်ပြီးနောက်မှ ဖဂျရ်မရောက်ခင် အချိန်အထိဖြစ်သည်။ ၎င်း၏ အရေအတွက်မှာ- အနည်းဆုံး (၁)ရကအသ်ဖြစ်ပြီး၊ အများဆုံး (၁၁)ရကအသ် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية