1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။

عَنْ أَبِي الدَّرْدَاءِ رضي الله عنه: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِنَّ اللَّعَّانِينَ لَا يَكُونُونَ شُهَدَاءَ وَلَا شُفَعَاءَ يَوْمَ الْقِيَامَةِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။

صحيح رواه مسلم صحيح مسلم - 2598

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လအ်နသ်ကျိန်ဆဲခြင်းမခံထိုက်သူအား ကျိန်ဆဲခြင်းများစွာ ပြုလုပ်သူသည် ပြစ်ဒဏ်နှစ်မျိုး ခံစားရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ပထမတစ်ခုမှာ - ကိယာမသ်နေ့တွင် ရှေးယခင်အွမ္မသ်သားများထံ ၎င်းတို့၏ ရစူလ်တမန်တော်များက အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများကို ပို့ဆောင်ခဲ့ခြင်းကြောင်း သက်သေခံခွင့် ရရှိမည်မဟုတ်ပေ။ ဤလောကတွင်လည်း ဖစ်က်(မတရားပြုမှု‌ကြောင့်) သူ၏သက်သေခံချက်ကို လက်မခံအပ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှဟီးဒ်ဖြစ်ခြင်း၏ (အသတ်ခံရခြင်း၏) အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ချေ။ ဒုတိယအချက်မှာ - ကိယာမသ်နေ့တွင် အခြားသော မုအ်မင်န်သက်ဝင်ယုံကြည်သူများက ဂျဟန္နမ်ငရဲခံထိုက်သူများဖြစ်ကြသော မိမိတို့၏ မုအ်မင်န် ညီနောင်များအတွက် ရှဖာအသ်ကြားဝင်အသနားခံပေးချိန်တွင် သူသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရရှိမည်မဟုတ်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လအ်နသ်ကျိန်ဆဲခြင်းသည် ဟရာမ်တားမြစ်ထားပြီး၊ များစွာ လအ်နသ်ကျိန်ဆဲမှုပြုခြင်းသည်ကြီးလေးသောအပြစ်များထဲမှ ဖြစ်သည်။
  2. ဤဟဒီးစ်တွင် ဖော်ပြထားသော ပြစ်ဒဏ်သည် များစွာ ကျိန်ဆဲလေ့ရှိသူအတွက် ဖြစ်သည်။ တစ်ကြိမ် နှစ်ကြိမ် ကျိန်ဆဲမိသူအတွက် မဟုတ်ပေ။ ထို့ပြင် ကျိန်ဆဲခြင်းသည် တစ်ခါတစ်ရံ မုဗာဟ် (ခွင့်ပြုထားသောအရာ) လည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးကို သီးသန့်သတ်မှတ်ခြင်းမရှိဘဲ ရှရီအသ်တွင် ကျိန်ဆဲခြင်းခံထိုက်သော မကောင်းသော ဂုဏ်ရည်များရှိသူများကို ကျိန်ဆဲခြင်းမျိုး ဖြစ်သည်။ ဥပမာ - "ယဟူဒီများနှင့် နစ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "မတရားကျူးလွန်သူများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ သက်ရှိရုပ်ပုံရေးဆွဲသူများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "ကောင်မေလူးသ်ွ၏ လုပ်ရပ် ( ယောက်ကျားအချင်းချင်း လိင်ဆက်ဆံခြင်း) ကို ကျူးလွန်သူအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူအတွက် သားကောင် ဇဗဟ်ပြုလုပ်သူအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ် ကျရောက်ပါစေ"၊ "အမျိုးသမီးများနှင့် တူအောင် ပြုလုပ်သော အမျိုးသားများနှင့် အမျိုးသားများနှင့် တူအောင် ပြုလုပ်သော အမျိုးသမီးများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ် ကျရောက်ပါစေ"၊ စသည်ဖြင့် ပြောဆိုခြင်းမျိုး ဖြစ်သည်။
  3. ကိယာမသ်နေ့တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူများသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့်ရမည့်အ‌ကြောင်းကို အတည်ပြုထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية