1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။

عَنِ الْعَبَّاسِ بْنِ عَبْدِ الْمُطَّلِبِ رضي الله عنه أَنَّهُ سَمِعَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُ:
«ذَاقَ طَعْمَ الْإِيمَانِ مَنْ رَضِيَ بِاللهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်-
အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။

صحيح رواه مسلم صحيح مسلم - 34

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မိမိ၏ အီမာန်ယုံကြည်မှုတွင် အစစ်အမှန်ယုံကြည်သူ၊ မိမိ၏စိတ်နှလုံးသည် ထိုအီမာန် ယုံကြည်မှုနှင့်ပင် နှစ်သိမ့် ကျေနပ်နေသူသည် အောက်ပါအချက်သုံးချက်ကို ကျေနပ်လက်ခံပါက သူ၏စိတ်နှလုံးထဲတွင် စိတ်ရှင်းလင်းကျယ်ပြန့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ရသည့် အရသာကို ခံစားရလိမ့်မည်။ ၎င်းတို့မှာ-
ပထမအချက် - အလ္လာဟ်အရှင်မြတ်အား မိမိ၏ အရှင်သခင်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အရှင်မြတ်၏ ဖန်ဆင်းရှင်အရှင်သခင် အဖြစ်နှင့်ဆိုင်သော ဆန္ဒအရ ချမှတ်ပေးအပ်သည့် ရိက္ခာ၊ အခြေအနေအရပ်ရပ်တို့နှင့်ပတ်သတ်၍ ၎င်း၏ စိတ်နှလုံးသားသည် ကျေနပ် လက်ခံခြင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စိတ်နှလုံးသားထဲတွင် မကျေနပ်မှု သို့မဟုတ် ကန့်ကွက်စရာ တစ်စုံတစ်ရာမျှမရှိခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာကို အရှင်သခင်အဖြစ် ပြုလုပ်ရန် ရှာဖွေခဲ့ခြင်းမရှိခြင်းတို့ ဖြစ်သည်။
ဒုတိယအချက် - အစ္စလာမ်ကို သာသနာအဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အစ္စလာမ်သာသနာတွင် ရှိသည့် ပညတ်ချက်များနှင့် တာဝန်ဝတ္တရားများနှင့်ပတ်သတ်၍ သူ၏စိတ်နှလုံးသားသည် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကျင့်သုံးခြင်းနှင့် အစ္စလာမ်မှအပ အခြားလမ်းစဉ်ကို ရှာဖွေခြင်း မပြုခြင်းတို့ ဖြစ်သည်။
တတိယအချက် - တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာသမျှအားလုံးကို သံသယ သို့မဟုတ် ဇဝေဇဝါမဖြစ်ဘဲ သူ၏စိတ်နှလုံးသားသည် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းညွှန်မှုနှင့် ကိုက်ညီသည်နည်းလမ်းမှလွဲ၍ အခြားသောနည်းလမ်းကို လိုက်နာကျင့်သုံးခြင်း မရှိပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန်ယုံကြည်မှုတွင် ချိုမြိန်မှုနှင့် အရသာရှိသည်။ အစားအသောက်များ၏ ချိုမြိန်မှုနှင့် အရသာကို ပါးစပ်ဖြင့် မြည်းစမ်းရသကဲ့သို့ အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုနှင့် အရသာကိုလည်း စိတ်နှလုံးသားဖြင့် မြည်းစမ်းခံစားရသည်။
  2. ခန္ဓာကိုယ်သည် အစားအသောက်များ၏ ချိုမြိန်မှုကို ကျန်းမာနေစဉ်အခါမှသာ ခံစားနိုင်သကဲ့သို့၊ စိတ်နှလုံးသားသည်လည်း လမ်းမှားသို့ ပို့ဆောင်သော အလိုဆန္ဒများနှင့် တားမြစ်ထား‌သော အလိုရမက်များမှ ကင်းစင်နေမှသာလျှင် အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုကို ခံစားနိုင်မည်ဖြစ်သည်။ မည်သည့်အခါ စိတ်နှလုံးသားသည် နာမကျန်းဖြစ်မလည်း၊ ထိုအခါတွင် အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုကိုလည်း ခံစားနိုင်မည်မဟုတ်တော့ဘဲ၊ မိမိကိုယ်ကို ပျက်စီးစေသော စိတ်အလိုရမက်များနှင့် မကောင်းမှုဒုစရိုက်များကို ချိုမြိန်သည်ဟု ထင်မှတ်လာတတ်သည်။
  3. လူသားသည် တစ်စုံတစ်ရာကို နှစ်သက်ကျေနပ်ပြီး ကောင်းမြတ်သည်ဟု မှတ်ယူလိုက်သောအခါ၊ ထိုကိစ္စသည် သူ့အတွက် လွယ်ကူသွားတတ်သည်။ ၎င်းမှလာသော အရာတစ်ခုတလေမျှပင် သူ့အတွက် အခက်အခဲဒုက္ခ မဖြစ်တော့ပေ။ ထိုကိစ္စမှ ဖြစ်ပေါ်လာသော အရာတိုင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံတတ်သည်။ ထိုသာယာငြိမ့်ညောင်းမှုသည် သူ၏ စိတ်နှလုံးသားနှင့် ရောယှက်သွားသည်။ အလားတူပင်၊ မုအ်မင်န်ယုံကြည်သူတစ်ဦး၏ စိတ်နှလုံးသားထဲသို့ အီမာန်ယုံကြည်မှု ဝင်ရောက်လာသောအခါ၊ သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ နာခံမှုသည် သူ့အတွက် လွယ်ကူသွားပြီး သူ၏နဖ်စ် (စိတ်နှလုံးသား)အတွက်လည်း ချိုမြိန်တပ်မက်ဖွယ်ဖြစ်လာကာ ထိုနာခံမှုကို ကျင့်သုံးရန် သူ့အတွက် ခက်ခဲခြင်းမရှိတော့ပေ။
  4. အိဗ်နုလ် ကိုင်ယ်ယင်မ်ကဤသို့ဆိုသည် - ဤဟဒီးဆ်တော်သည် အလ္လာဟ်အရှင်မြတ်အား အရှင်သခင်အဖြစ်နှင့် ကိုးကွယ်ရာအရှင်အဖြစ်ကို ကျေနပ်နှစ်သက်လက်ခံခြင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်ကို ကျေနပ်နှစ်သက်လက်ခံပြီး နာခံခြင်း၊ အရှင်မြတ်၏ သာသနာတော်ကို ကျေနပ်နှစ်သက်လက်ခံပြီး နာခံအပ်နှံခြင်းတို့ကို ပေါင်းစပ်ဖော်ပြထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية