1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။

عَنْ أَبِي أُمَامَةَ الْبَاهِلِيِّ رضي الله عنه قَالَ:
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: أَرَأَيْتَ رَجُلًا غَزَا يَلْتَمِسُ الْأَجْرَ وَالذِّكْرَ، مَا لَهُ؟ فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا شَيْءَ لَهُ» فَأَعَادَهَا ثَلَاثَ مَرَّاتٍ، يَقُولُ لَهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا شَيْءَ لَهُ» ثُمَّ قَالَ: «إِنَّ اللَّهَ لَا يَقْبَلُ مِنَ الْعَمَلِ إِلَّا مَا كَانَ لَهُ خَالِصًا، وَابْتُغِيَ بِهِ وَجْهُهُ»

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပါဝင်ခဲ့သည်။ ထိုသူ့အဖို့ မည်သည့်အကျိုးဆုလာဘ် ရှိမည်နည်း။"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "ထိုသူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ။" ထိုသူသည် ဤမေးခွန်းကိုပင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟုပင် ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။

صحيح رواه النسائي سنن النسائي - 3140

ရှင်းလင်းချက်

လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ လူတစ်ဦးနှင့်ပတ်သတ်၍ လျှောက်ထားမေးမြန်းရန် လာရောက်ခဲ့သည်။ ထိုသူသည် ဂျိဟာဒ်( စစ်ပွဲ ) တွင် အလ္လာဟ်အရှင်မြတ်ထံမှ အကျိုးဆုလာဘ်ကိုလည်းကောင်း၊ လူအများ၏ ချီးမွမ်းမှုကိုလည်းကောင်း ရယူလိုသောဆန္ဒဖြင့် ပါဝင်ခဲ့၏။ထိုသူသည် အကျိုးဆုလာဘ်ကို ရ၊ မရကို (သိရှိလိုခဲ့သည်။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသူ့အား ၎င်း(မုဂျာဟိဒ်)အဖို့ မည်သည့်အကျိုးဆုလာဘ်မျှ ရှိမည်မဟုတ်ကြောင်း ဖြေကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နီယသ်ရည်စူးချက်တွင် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသူသည် မိမိ၏ မေးခွန်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံတွင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟူသည့် အဖြေကိုသာ ဖြေကြားတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အမလ်လက်ခံခြင်းခံရမည့် စည်းမျဉ်းဥပ‌ဒေတစ်ရပ်ကို မိန့်ကြားတော်မူခဲ့သည်။ ထိုစည်းမျဉ်းမှာ- စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ (စိတ်စေတနာစင်ကြယ်စွာသီးသန့်) ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသောအမလ်များကို လက်ခံတော်မမူမပေ။ ထို့ပြင် ထိုအမလ်တွင် အလ္လာဟ်အရှင်မြတ်နှင့် အတူ အခြားတစ်စုံတစ်ရာအား ရှိရ်က်ပြုလုပ်ခြင်း(ယှဉ်တွဲကိုးကွယ်ခြင်း) မရှိစေရပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး၊ အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်နည်းလမ်းအတိုင်း ဆောင်ရွက်သော အမလ်ကိုသာ လက်ခံတော်မူသည်။
  2. အရေးကြီးသော အကြောင်းအရာကို ထပ်ကာတလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
  3. အရေးကြီးသော အကြောင်းအရာကို ထပ်တလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
  4. စစ်မှန်သော မုဂျာဟစ်ဒ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်သည် အမြင့်မြတ်ဆုံးဖြစ်စေရန်နှင့် အကျိုးဆုလာဘ်နှင့် နောင်တမလွန်အကျိုးမျှော်ကိုးလျက် စိတ်စေတနာစင်ကြယ်စွာဖြင့် ဂျိဟာဒ်ပြုလုပ်သူဖြစ်သည်။ ၎င်း၏ ဂျိဟာဒ်ပြုလုပ်ခြင်းသည် လောကီအကျိုးအတွက် မဖြစ်စေရပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية