1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။

عَنْ جَابِرٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَبْلَ وَفَاتِهِ بِثَلَاثٍ يَقُولُ:
«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللهِ الظَّنَّ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
"အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"

صحيح رواه مسلم صحيح مسلم - 2877

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ သေချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်ပြီး၊ စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်သည် သူ့အား ကရုဏာပြုမည်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသော စိတ်ခံယူချက် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တွင် အပြစ်ကြောင့်ကြောက်ရွံ့မှု သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး၊ ထိုအချိန်(ကွယ်လွန်သေဆုံးချိန်) သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန် အချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိအွမ္မသ်သားများအပေါ် စိတ်အားထက်သန်မှု၊ ပြုစုပျိုးထောင်မှုနှင့် အခြေအနေအားလုံးတွင် ကရုဏာသက်ဝင်မှု၊ မိမိနာမကျန်းဖြစ်ချိန်တွင်ပင် အသိုင်းအဝိုင်းအား ဆုံးမဩဝါဒပေးခြင်း၊ ကယ်တင်ခြင်းလမ်းစဉ်များသို့ လမ်းညွှန်ပြသခြင်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအမျိုးသားတို့အား လမ်းညွှန်ရန် အလွန်အမင်း စိတ်အားထက်သန်တော်မူပြီး၊ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့အပေါ် အလွန်တရာ ကရုဏာထားတော်မူသည်။ မိမိ၏နာမကျန်းဖြစ်ပြီး ကွယ်လွန်တော်မူခါနီးအချိန်တွင်ပင် မိမိ၏ အွမ္မသ်သားများအား ဆုံးမအကြံ‌ပေးကာ လွှတ်မြောက်ရေးလမ်းစဉ်များကို ညွှန်ပြတော်မူခဲ့သည်။
  2. အိမာမ်သွီဗီက ဤသို့ဆိုသည်- သင်တို့၏ အမလ်ကျင့်‌ဆောင်မှုများကို ယခုပင် ကောင်းမွန်အောင် ပြုလုပ်ထားကြလော့၊ သို့မှသာ ကွယ်လွန်သေဆုံးချိန်တွင် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်းထား ရှိနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကွယ်လွန်မီ မိမိ၏လုပ်ရပ်များ ပျက်စီးယိုယွင်းနေသူတစ်ဦးသည် ကွယ်လွန်သေဆုံးချိန်တွင် (အလ္လာဟ်အရှင်မြတ်အပေါ် ) အထင်အမြင်ပျက်စီးယိုယွင်းတတ်သောကြောင့် ဖြစ်သည်။
  3. ဗန္ဒဟ်ကျေးကျွန်တစ်ဦးအတွက် ပြီးပြည့်စုံဆုံးအခြေအနေမှာ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုနှစ်ခုလုံးကို ဟန်ချက်ညီညီထားရှိခြင်းနှင့် ချစ်ခြင်းမေတ္တာကသာ လွှမ်းမိုးခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ယာဉ်ဖြစ်၏၊ မျှော်လင့်ချက်သည် စီးနင်းသူဖြစ်၏၊ ကြောက်ရွံ့မှုသည် ယာဉ်မောင်းဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်ဖြင့် ခရီးပန်းတိုင်သို့ ရောက်ရှိစေတော်မူ၏။
  4. အသက်ထွက်မည့်အချိန်နီးကပ်လာသော သူတစ်ဦး၏အနားတွင် ရှိသူများအနေဖြင့် ၎င်းအား (အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်အား) မျှော်လင့်ချက်ထားရှိရန်နှင့် အရှင်မြတ်အား အထင်အမြင်ကောင်းထားရှိရန် အားပေးတိုက်တွန်းသင့်သည်။ ဤဟဒီးဆ်တွင် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကွယ်လွန်မီ (၃) ရက်အလိုတွင် ထိုသို့မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

50 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية