1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။

عَنْ عَائِشَةَ أُمِّ المُؤْمِنين رضي الله عنها زَوْجِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يَا عَائِشَةُ إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ، وَيُعْطِي عَلَى الرِّفْقِ مَا لَا يُعْطِي عَلَى الْعُنْفِ، وَمَا لَا يُعْطِي عَلَى مَا سِوَاهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်မှာ -
အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။

صحيح رواه مسلم صحيح مسلم - 2593

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) သခင်မအား နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းနှိုး‌ဆော်တော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များအပေါ် အလွန်သိမ်မွေ့နူးညံ့တော်မူ၍ သူတို့အတွက် လွယ်ကူချောင်ချိမှုကို လိုလားတော်မူပြီး ခက်ခဲမှုကို လိုလားတော်မမူပေ။ သူတို့ တတ်စွမ်းနိုင်သည်ထက် ပို၍ တာဝန်ပေးအပ်တော်မမူပေ။ ထို့ပြင် မိမိ၏ ဗန္ဒဟ်ကျေးကျွန်သည် နူးညံ့သိမ်မွေ့မှု၊ လွယ်ကူချောင်ချိသောနည်းလမ်းကို ကိုင်တွယ်လိုက်နာမှုတို့နှင့် ပြည့်စုံစေလိုတော်မူ၍ ကြမ်းတမ်းခက်ထန်သူ မဖြစ်စေလိုပါ။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝ၌ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုအပေါ် ချီးမွမ်းခြင်း၊ လိုရာဆန္ဒများပြည့်ဝခြင်းနှင့် ရည်မှန်းချက်များတွင် လွယ်ကူမှုကဲ့သို့သော ကောင်းချီးများကို ချီးမြှင့်ပေးတော်မူသည်။ နောင်တမလွန်ဘဝတွင်လည်း အရှင်မြတ်သည် ထိုသို့သောသူအား ကြီးမားသောအကျိုးဆုလာဘ်ကို ချီးမြှင့်တော်မူမည်ဖြစ်ပြီး ထိုသို့သောဆုလာဘ်ကို ခက်ထန်ကြမ်းတမ်းမှုပေါ် ချီးမြှင့်တော်မူခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့မှုဖြင့် ရရှိသောအကျိုးကျေးဇူးများကို အခြားသောအရာများဖြင့် ရယူ၍မရနိုင်သောကြောင့်ပင် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းထားခြင်းနှင့် ခက်ထန်ကြမ်းတမ်းမှုမှ တားမြစ်ထားခြင်း။
  2. ကောင်းမြတ်သော အကျင့်စာရိတ္တများတွင် နူးညံ့သိမ်မွေ့စွာဆက်ဆံခြင်း၏ အဆင့်အတန်းမြင့်မှားမှု။
  3. နူးညံ့သိမ်မွေ့စွာဆက်ဆံသူသည် ချီးမွမ်းခြင်းနှင့် အလ္လာဟ်အရှင်မြတ်ထံမှ ရရှိမည့် ကြီးကျယ်သော အကျိုးဆုလာဘ်ဖြင့် ထိုက်တန်သည်။
  4. အိမာမ်ဆင်န်ဒီက ဤသို့ ဖွင့်ဆိုခဲ့သည် - ကြမ်းတမ်းမှုသည် သိမ်မွေ့နူးညံ့မှု၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူများအား သိမ်မွေ့နူးညံ့စွာ လမ်းညွှန်သူသည် ကြမ်းတမ်းစွာ လမ်းညွှန်သူထက် သာလွန်ကောင်းမြတ်ပါသည်။ ဤသည် ( လမ်းညွှန်ခံရသူ၏ )အခြေအနေက နည်းလုံးနှစ်ခုလုံးကို လက်ခံနိုင်သည့်အခါမျိုးတွင်ဖြစ်သည်။ သို့မဟုတ်ပါက သူလက်ခံနိုင်သော နည်းလမ်းကိုသာ အသုံးပြုရပါမည်။ စင်စစ် အခြေအနေအမှန်ကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်တော်မူပါသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

37 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية