1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့် တရားအကောင်းဆုံးသူဖြစ်သည်

عَنْ جَابِرٍ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ أَحَاسِنَكُمْ أَخْلاَقًا، وَإِنَّ أَبْغَضَكُمْ إِلَيَّ وَأَبْعَدَكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ الثَّرْثَارُونَ وَالمُتَشَدِّقُونَ وَالمُتَفَيْهِقُونَ»، قَالُوا: يَا رَسُولَ اللهِ، قَدْ عَلِمْنَا الثَّرْثَارُونَ وَالمُتَشَدِّقُونَ فَمَا الْمُتَفَيْهِقُونَ؟ قَالَ: «الْمُتَكَبِّرُونَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြား‌ တော်မူသည်။
အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့် တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန် တို့ဖြစ်ကြသည်။ သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟုမေးမြန်းခဲ့ကြသည်။ကိုယ်တော်မြတ်(ﷺ)က မာနထောင်လွှားသူများဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

صحيح رواه الترمذي سنن الترمذي - 2018

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ- “သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အချစ်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးကပ်ဆုံးနေထိုင်ရသူမည့်မှာ အသင်တို့ထဲတွင် အကျင့်စာရိတ္တအကောင်းဆုံးသူပင် ဖြစ်၏။ သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အဝေးဆုံး နေထိုင်ရသူမှာ အသင်တို့အနက် အကျင့်စာရိတ္တအဆိုးဆုံးသူ၊ (အသ်စရ်ဆာစူးန်) စကားများလွန်းပြီး အမှန်တရားမှ ထွက်သွားသော အလွန်အကျွံ စကားပြောဆိုသူများ။ (အလ်မုသရှဒ်ဒီကူးန်) စကားပြောရာတွင် သတိမထားမဆင်ခြင်ဘဲ ချဲ့ကားပြောဆိုခြင်း၊ စကားများကို အလွန်အကျွံ ရှည်လျားအောင် ဖွဲ့နွဲ့ပြောဆိုတတ်သူများနှင့် (အလ်မုသဖိုင်ဟီကူးန်) တို့ ဖြစ်၏။ အချို့က “အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ စရ်ဆာစူးန်နှင့် မုသရှဒ်ဒီကူးန် တို့ကို ကျွန်တော်တို့ သိပါပြီ။ အလ်မုသဖိုင်ဟီကူးန် ဆိုသည်မှာ အဘယ်နည်း။” ဟု မေးလျှောက်ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သူတို့သည် မာနကြီးသူ၊ လူတို့ကို ပြက်ရယ်ပြုသူ၊ စကားပြောရာတွင် ချဲ့ထွင်ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟသူများဖြစ်သည်” ဟု မိန့်တော်မူ၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အကျင့်စာရိတ္တကောင်းမွန်ခြင်းသည် တမန်တော်မြတ်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ချစ်ခင်နှစ်သက်မှုကိုရရှိရန်နှင့် ကိယာမသ်နေ့တွင် တမန်တော်မြတ်နှင့် နီးကပ်မှုရရန် အကြောင်း တရားဖြစ်ပြီး၊ စာရိတ္တဆိုးရွားခြင်းမှာ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
  2. အကျင့်စာရိတ္တကောင်းမွန်ခြင်းသည် လူအချင်းချင်း ချစ်ခင်မှုရရန် အကြောင်း တရားဖြစ်ပြီး စာရိတ္တဆိုးရွားခြင်းမှာ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
  3. အကျင့်စာရိတ္တကောင်းမွန်ရန်၊ နှိမ့်ချရို့ကျိုးရန်၊ ကြမ်းတမ်းခြင်းမပြုရန်နှင့် အားထုတ်မှုလွန်ကဲခြင်းတို့ကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
  4. စကားအလွန်အကျွံပြောဆိုခြင်း၊ မာနကြီးခြင်း၊ ကိုယ့်ကိုယ်ကို ကြီးမြတ်သည်ဟု ထင်ခြင်းနှင့် ဟိတ်ဟန်ဖြင့်စကားပြောခြင်းတို့မှ တားမြစ်ထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

44 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية