1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။

عَنِ ابْنِ عَبَّاسٍ رَضِيَ اللَّهُ عَنْهُمَا عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أَلْحِقُوا الفَرَائِضَ بِأَهْلِهَا، فَمَا بَقِيَ فَلِأَوْلَى رَجُلٍ ذَكَرٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အစ်ဗ်နုအဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။

صحيح متفق عليه صحيح البخاري - 6737

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမွေခွဲဝေရေးကို တာဝန်ယူဆောင်ရွက်သူများအား အလ္လာဟ်အရှင်မြတ် ချမှတ်ပညတ်ထားတော်မူသည့်အတိုင်း တရားမျှတစွာ ခွဲဝေပေးရန် မိန့်တော်မူခဲ့သည်။ ထိုသို့ခွဲဝေရာတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများ (အတ်စ်ဟာ ဗွလ်ဖူရူးဒ်)အား ၎င်းတို့၏ အချိုးကျအခွင့်အရေးများကို အရင်ပေးရမည်။ ထိုအချိုးများမှာ သုံးပုံနှစ်ပုံ ၊ သုံးပုံတစ်ပုံ ၊ ခြောက်ပုံတစ်ပုံ၊ တစ်ဝက်၊ လေးပုံတစ်ပုံနှင့် ရှစ်ပုံတစ်ပုံတို့ ဖြစ်ကြသည်။ ထိုသို့ အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးများပေးပြီးနောက် ကျန်ရှိသည့် ပစ္စည်းများကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးစ်တော်သည် အမွေခွဲဝေရေးအတွက် အခြေခံမူတစ်ရပ် ဖြစ်သည်။
  2. အမွေခွဲဝေရာတွင် (အတ်စ်ဟာ ဗွလ်ဖူရူးဒ်) အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများကို ဦးစွာခွဲ‌ ဝေပေးရမည်။
  3. အချိုးကျအခွင့်အရေးများ ခွဲဝေပြီးနောက် ကျန်ရှိသည်များကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။
  4. ထိုသို့ပေးရာတွင် ( သေဆုံးသူနှင့် )ပိုမိုနီးစပ်သူကို ဦးစားပေးရန်။ ဥပမာ- ဖခင်ကဲ့သို့ ( သေဆုံးသူနှင့် )ပိုမိုနီးစပ်သော သွေးသားရင်းချာအမျိုးသား ရှိပါက၊ ဦးလေးကဲ့သို့ ဝေးကွာသော သွေးသားရင်းချာ အမျိုးသားသည် အမွေမရနိုင်ပါ။
  5. အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးအတိုင်း ပေးပြီးနောက် ပစ္စည်းများ လုံးဝမကျန်တော့ပါက၊ (သားမှအပ) ကျန်အဆွဗဟ်အနေနှင့် အမွေရမည့် သွေးသားရင်းချာအမျိုးသားများအတွက် တစ်စုံတစ်ရာမျှ ရရှိမည် မဟုတ်ပါ။

ဘာသာပြန်များကို ကြည့်ရှုရန်

49 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
SQ Shqip အယ်လ်ဘေးနီးယန်
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá ইউরুবা
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
KMR Kurmancî الكرمنجية