1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။

عَنْ عُثْمَانَ بْنِ أَبِي الْعَاصِ الثَّقَفِيِّ رضي الله عنه أَنَّهُ شَكَا إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَجَعًا يَجِدُهُ فِي جَسَدِهِ مُنْذُ أَسْلَمَ، فَقَالَ لَهُ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«ضَعْ يَدَكَ عَلَى الَّذِي تَأَلَّمَ مِنْ جَسَدِكَ، وَقُلْ بِاسْمِ اللهِ ثَلَاثًا، وَقُلْ سَبْعَ مَرَّاتٍ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အွတ်စ်မားန် ဗင်န် အဘီလ်အားဆ်ွ အတ်စ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - သူသည် အစ္စလာမ်သာသနာကို လက်ခံပြီးကတည်းက မိမိ၏ ခန္ဓာကိုယ်တွင် ခံစားရသောနာကျင်မှုတစ်ခုကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်ကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည် -
သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။

صحيح رواه مسلم صحيح مسلم - 2202

ရှင်းလင်းချက်

အွတ်စ်မားန် ဗင်န် အဘီလ်အားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့အား ဖျက်စီးလုနီးနီး ဖြစ်စေသော (အလွန်ပြင်းထန်သော)ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် ၎င်းထံ လူမမာမေးမြန်းကြည့်ရှုရန် ကြွမြန်းလာတော်မူပြီး၊ ဒုအာတစ်ပုဒ်ကို သင်ပေးတော်မူခဲ့သည်။ ထိုဒုအာဖြင့် အလ္လာဟ်အရှင်မြတ်သည် သူခံစားနေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေတော်မူနိုင်သည်။ ထိုဒုအာမှာ- နာကျင်သော နေရာပေါ်တွင် မိမိ၏လက်ကိုတင်ကာ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်) ဟု သုံးကြိမ် ရွတ်ဆိုရမည်။ ထို့နောက် ခုနစ်ကြိမ် ဤသို့ဒုအာရွတ်ဆိုရမည် ။ "အအူဇု ဗိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု" ဆိုလိုသည်မှာ - "ကျွန်တော်မျိုး လက်ရှိခံစားနေရသော နာကျင်မှု ဝေဒနာမှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏။ ထို့ပြင် အနာဂတ်တွင် ဖြစ်လာမည့် ပူပန်သောကနှင့် ကြောက်ရွံ့စိုးရိမ်ရသော အရာမှလည်းကောင်း သို့မဟုတ် ဤရောဂါသည် နာတာရှည်ဖြစ်လာပြီး ၎င်း၏ဝေဒနာသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းမှ လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏" ဟူ၍ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူတစ်ဦးသည် ဟဒီးစ်တော်တွင်လာရှိသည့် အတိုင်းမိမိကိုယ်မိမိ မန်းမှုတ်ကုသမှု ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  2. မကျေမနပ်ဖြစ်ခြင်း သို့မဟုတ် စောဓကတက်ခြင်းမရှိဘဲ ဝေဒနာနှင့်ပတ်သတ်၍ တိုင်ကြားခြင်း( ညည်းညူခြင်း ) သည် သဝက္ကုလ် (အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်အထားခြင်း ) နှင့် ဆွဗရ် (သည်းခံမှု) တို့နှင့် ဆန့်ကျင်ခြင်းမရှိပါ။
  3. ဒုအာသည် ရည်မှန်းချက်များ အောင်မြင်ရန် တရား တော်လာ နည်းလမ်းများကို ကျင့်သုံးခြင်း (ကုသမှုနည်းလမ်းများ) ထဲမှ တစ်ခုဖြစ်သောကြောင့်၊ ၎င်း၏ စကားလုံးများနှင့် အကြိမ်အရေအတွက်များကို တိကျစွာ လိုက်နာရန် လိုအပ်သည်။
  4. ဤဒုအာသည် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု၌ ဖြစ်ပေါ်သော မည်သည့်နာကျင်ကိုက်ခဲမှုအတွက်မဆို ကုသရန် ရွတ်ဆိုနိုင်သည်။
  5. ဤဒုအာဖြင့် မန်းမှုတ်ကုသသည့်အခါ လက်(ဖဝါး)ကို နာကျင်ကိုက်ခဲသော နေရာပေါ်တွင် တင်ထားရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

50 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية