1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။

عَنْ عُقْبَةَ بْنِ عَامِرٍ رضي الله عنه قَالَ:
قُلْتُ: يَا رَسُولَ اللهِ مَا النَّجَاةُ؟ قَالَ: «امْلِكْ عَلَيْكَ لِسَانَكَ، وَلْيَسَعْكَ بَيْتُكَ، وَابْكِ عَلَى خَطِيئَتِكَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ -
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။"

صحيح رواه الترمذي وأحمد سنن الترمذي - 2406

ရှင်းလင်းချက်

အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) အား မွတ်စ်လင်မ်တစ်ဦး လောကီဘဝနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်သည့် အကြောင်းရင်းများနှင့် ပတ်သတ်၍ လျှောက်ထားမေးမြန်းခဲ့သည်။
ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည် - "အသင် လိုက်နာရမည့် အချက်သုံးချက်ရှိသည်။
ပထမအချက်- သင်၏ နှုတ်လျှာကို မည်သည့် ကောင်းကျိုးမှမရှိသောအရာမှ‌သော်လည်းကောင်း၊ မကောင်းသော စကားရပ်အားလုံးမှ သော်လည်း ကောင်း ထိန်းသိမ်းလော့။ ကောင်းမြတ်သောစကားမှလွဲ၍ မပြောဆိုနှင့်။
ဒုတိယအချက်- အသင်သည် တစ်ကိုယ်တည်းရှိချိန်များ၌ အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုလုပ်ရန်အတွက် မိမိ၏အိမ်၌ နေထိုင်ပါ။ အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် လုံးပမ်းနေပါ။ သင်၏အိမ်တွင် နေထိုင်ပြီး ဖိသ်နဟ်စမ်းသပ်မှုများမှ ခွဲခွာနေပါ။
တတိယအချက်- သင်ကျူးလွန်မိခဲ့သော အပြစ်များအတွက် ငိုကြွေး၍ နောင်တရပြီး သောင်ဗဟ်အမှားဝန်ခံပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွဟာဗဟ်သာဝကကြီးများ (ရဿွိယလ္လာဟုအန်ဟွမ်) ၏ အပြစ်ဒဏ်မှလွတ်မြောက်နိုင်မည့် နည်းလမ်းများကို သိရှိလိုစိတ် ပြင်းပြမှု။
  2. လောကီနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်မည့် အကြောင်းရင်းများကို ရှင်းလင်းဖော်ပြခြင်း။
  3. လူသားတစ်ဦးအား အခြားသူများအား အကျိုးပြုနိုင်ခြင်း မရှိသော်၊ သို့မဟုတ် လူများနှင့် ရောနှောမိလျှင် မိမိ၏ဒီန်သာသနာနှင့် ကိုယ်ကျိုးအတွက် ဘေးအန္တရာယ် ဖြစ်မည်ကို စိုးရိမ်ရပါက မိမိကိုယ်မိမိ (ကောင်းမွန်အောင်နေထိုင်ရန်အတွက် ကြိုးပမ်းမှု၌ )အချိန်ကိုမြှုပ်နှံထားရန် တိုက်တွန်းထားခြင်း။
  4. ဖိသ်နဟ်စမ်းသပ်မှုများ ပေါ်ပေါက်လာသောအခါ အိမ်၌သာ စွဲမြဲစွာနေထိုင်ရန် လမ်းညွှန်ထားခြင်း။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒီန်သာသနာကို ထိန်းသိမ်းရန် အကြောင်းခံတစ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية