عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ وَهُوَ عَلَى المِنْبَرِ، وَذَكَرَ الصَّدَقَةَ، وَالتَّعَفُّفَ، وَالمَسْأَلَةَ: «اليَدُ العُلْيَا خَيْرٌ مِنَ اليَدِ السُّفْلَى، فَاليَدُ العُلْيَا: هِيَ المُنْفِقَةُ، وَالسُّفْلَى: هِيَ السَّائِلَةُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒါန်းခြင်း၊ တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် တောင်းရမ်းခြင်းနှင့်ပတ်သတ်၍ မင်န်ဗရ်(တရားဟောပလ္လင်)ပေါ်၌ ဤသို့ မိန့်ကြားတော်မူသည်။ “အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်။အပေါ်ကလက်ဆိုသည်မှာ ပေးကမ်းလှူဒါန်းသည့် လက်ဖြစ်ပြီး၊ အောက်ကလက်ဆိုသည်မှာ တောင်းရမ်းသည့် လက်ကို ခေါ်ဆိုသည်”။

صحيح متفق عليه صحيح البخاري - 1429

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် တရား ဟောတော်မူစဉ်လှူဒါန်းခြင်းနှင့် တောင်းရမ်းခြင်းမှရှောင်ကြဉ်ခြင်း အကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဤသို့ ဆက်လက် မိန့်ကြားတော်မူခဲ့သည်- ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းရမ်းသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်အထံတော်၌ သာပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်တော်မူခြင်းကို ခံရသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (ဤဟဒီးဆ်တွင်) ကောင်းမှုကုသိုလ်များအတွက် ပေးကမ်းလှူဒါန်းခြင်း၏ အကျိုးကျေးဇူးနှင့် (သူတစ်ပါးထံ) တောင်းရမ်းခြင်းအား ရှုံချထားခြင်းကို ဖော်ပြထားသည်။
  2. (ဤဟဒီးဆ်တွင်) (သူတစ်ပါးထံ) တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ရန်၊ လူသားများထံမှ ကင်းကွာပြီး မိမိဘာသာ ပြည့်စုံအောင် နေထိုင်ရန် တိုက်တွန်းထားပြီး၊ မြင့်မြတ်သောအရာများကို ဆောင်ရွက်ရန် နှင့် ယုတ်ညံ့သောအရာများကို ရှောင်ကြဉ်ရန် လှုံဆော်ထားသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သောအရာများကို နှစ်သက်တော်မူသည်။
  3. လက်များသည် ထူးကဲမြင့်မြတ်မှုအားဖြင့် လေးမျိုးရှိသည်။ ၎င်းတို့၏ အဆင့်အတန်းမှာ အောက်ပါအတိုင်းဖြစ်သည်- · အမြင့်ဆုံးမှာ ပေးကမ်းလှူဒါန်းသော လက်၊ · ထို့နောက် (သူတစ်ပါးထံမှ) မယူဘဲ ရှောင်ကြဉ်သော လက်၊ · ထို့နောက် (သူတစ်ပါးထံ) မတောင်းဘဲ ရသောလက်၊ · ထို့နောက် အနိမ့်ဆုံးဖြစ်သော (သူတစ်ပါးထံ) တောင်းရမ်းသောလက် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

38 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية