1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံ‌ကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ غَدَا إِلَى الْمَسْجِدِ أَوْ رَاحَ أَعَدَّ اللهُ لَهُ فِي الْجَنَّةِ نُزُلًا، كُلَّمَا غَدَا أَوْ رَاحَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံ‌ကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။

صحيح متفق عليه صحيح مسلم - 669

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မည်သည့်အချိန်ဖြစ်စေ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင် ဝတ်ပြုကိုးကွယ်ရန်၊ သာသနာ့ပညာသင်ယူရန် သို့မဟုတ် အခြားသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဗလီသို့ သွားရောက်သူအား အလ္လာဟ်အရှင်မြတ်က ဂျန္နတ်သုခဘုံ၌ နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးမှုများကိုအသင့်ပြင်ဆင်ထားတော်မူကြောင်း သတင်းကောင်းပေးတော်မူခဲ့သည်။ ထိုသူသည် မနက်တိုင်း သို့မဟုတ် ညနေတိုင်းတွင် ဗလီသို့ သွားပါက (အကြိမ်တိုင်းအတွက် ဤကြီးကျယ်သော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗလီသို့ သွားခြင်း၏ မွန်မြတ်မှုနှင့် ဗလီတွင် ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုရန် အားပေးတိုက်တွန်းထားခြင်း။ ဗလီများမှ ကင်းကွာနေသူသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အိမ်တော်သို့ လာရောက်သူများအတွက် ပြင်ဆင်ထားတော်မူသော များစွာ‌သော် ကောင်းမှုများ၊‌ နိအ်မသ်ကျေးဇူးတော်များ၊ ဆုလာဘ်တော်များနှင့် ဧည့်ခံကျွေးမွေးမှုများကို လက်လွတ်ဆုံးရှုံးရသည်။
  2. လူသားများသည်ပင်လျှင် မိမိတို့ အိမ်သို့လာရောက်သူကို ဧည့်ခံကျွေးမွေးကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အဖန်ဆင်းခံများထက် ပို၍ ရက်ရောတော်မူ‌ သော အရှင်ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို အရှင်၏အိမ်တော်သို့ ရည်စူး (လာရောက် ) ခဲ့လျှင် အရှင်မြတ်သည် ထိုသူအား ဂုဏ်ပြုချီးမြှင့်တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအတွက် ကြီးကျယ်မြင့်မြတ်သော ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသည်။
  3. ဗလီများသို့ သွားရခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း။ အဘယ် ကြောင့်ဆိုသော် မနက်တိုင်း သို့မဟုတ် ညနေတိုင်း ၎င်း၏ ဗလီသို့ သွားသည့် အကြိမ်ရေအတိုင်း ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသောကြောင့် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية