1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။

عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه أَنَّهُ سَمِعَ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِذَا رَأَى أَحَدُكُمُ الرُّؤْيَا يُحِبُّهَا فَإِنَّهَا مِنَ اللَّهِ، فَلْيَحْمَدِ اللَّهَ عَلَيْهَا وَلْيُحَدِّثْ بِهَا، وَإِذَا رَأَى غَيْرَ ذَلِكَ مِمَّا يَكْرَهُ، فَإِنَّمَا هِيَ مِنَ الشَّيْطَانِ، فَلْيَسْتَعِذْ مِنْ شَرِّهَا، وَلاَ يَذْكُرْهَا لِأَحَدٍ، فَإِنَّهَا لَنْ تَضُرَّهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။
အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။"

صحيح رواه البخاري صحيح البخاري - 7045

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ အိပ်ပျော်နေစဉ် မြင်မက်သော ကောင်းသော၊ ပျော်ရွှင်ဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းပြုပြီး ထိုအိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းဖွယ် အိပ်မက်ကို မြင်မက်လျှင် ယင်းသည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပြီး မည်သူ့ကိုမျှ မပြောပြရ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိပ်မက်အမျိုးအစား( ၃ )- ၁။ ကောင်းသောအိပ်မက် - ယင်းသည် မှန်ကန်သောအိပ်မက်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ ပေးအပ်သော သတင်းကောင်းဖြစ်၏။ ၂။ အတွေးအမြင်များ (စိတ်ကူးယဥ်မှု) - နိုးနေစဉ် မိမိကိုယ်တိုင် စဉ်းစားတွေးတောနေမိသော အကြောင်းအရာများသည် (အိပ်မက်ထဲ ဝင်ရောက်လာခြင်းဖြစ်၏။) 3. ရှိုင်တွာန်ဘက်မှ လူသားအား ဝမ်းနည်း၊ ကြောက်ရွံ့စေခြင်း- ရှိုင်တွာန်သည် လူသားအား ဝမ်းနည်းပူ‌ဆွေးသောကရောက်စေရန် ကြောက်မက်ဖွယ်များကို ဖန်တီးပြသခြင်း။
  2. ကောင်းသောအိပ်မက်အတွက် လိုက်နာရန် အချက် (၃) ချက် - ၁။ ထိုအိပ်မက်အတွက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းပြုရမည်။ ၂။ ထိုအိပ်မက်ကြောင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ရမည်။ ၃။ ထိုအိပ်မက်အား မိမိချစ်ခင်နှစ်သက်သူကိုသာ ပြောပြရမည်။ မနှစ်သက်သူအား မပြောပြရ။
  3. အိပ်မက်ဆိုးအတွက် လိုက်နာရန် အချက် (၅) ချက် - ၁။ ထိုအိပ်မက်၏ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။ ၂။ ရှိုင်တွာန်၏ အန္တရာယ်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။ ၃။ အိပ်ယာမှနိုးလျှင် ဘယ်ဘက်သို့ လှည့်၍ သုံးကြိမ် တံတွေးထွေး(သကဲ့သို့) ပြုရမည်။ ၄။ မည်သူ့ကိုမျှ လုံးဝမပြောပြရ။ ၅။ ပြန်၍အိပ်လိုပါက ယခင်အိပ်ခဲ့သော ဘေးတစ်ဖက်သို့ မဟုတ်ဘဲ အခြားတစ်ဖက်သို့ လှည့်၍ အိပ်ရမည်။ ဤအချက်များအား လိုက်နာပါက ထိုအိပ်မက်ဆိုးသည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။
  4. အိဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - ထိုသို့တားမြစ်ရခြင်း၏ ဟိက်မသ်ဉာဏ်ပညာဆိုင်ရာ အကြောင်းရင်းမှာ၊ အကယ်၍ လူတစ်ဦးသည် ကောင်းသော အိပ်မက်ကို မိမိမနှစ်သက်သူတစ်ဦးဦးအား ပြောပြလျှင်၊ ထိုသူသည် အမုန်းတရားကြောင့်ဖြစ်စေ၊ မနာလိုဝန်တိုစိတ်ကြောင့်ဖြစ်စေ အိပ်မက်၏အနက်ကို ပြန်လည်ရှင်းပြရာတွင် အိပ်မက်မက်သူ မနှစ်သက်သည့်ပုံစံဖြင့် ရှင်းပြတတ်သည်။ တခါတရံ ထိုအနက်ဖွင့်ဆိုချက်အတိုင်း အိပ်မက်သည် ဖြစ်လာနိုင်သည်၊ သို့မဟုတ် အိပ်မက်မက်သူသည် ထို့ကြောင့် စိတ်ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်းတို့ကို မြန်မြန်ဆန်ဆန် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် မိမိမနှစ်သက်သူအား (ကောင်းသောအိပ်မက်ကို) ပြောပြခြင်းမှ ရှောင်ကြဉ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အမိန့်ပေးတော်မူခဲ့ခြင်းဖြစ်သည်။
  5. နိအ်မသ်တော်များ ရရှိသောအခါ၊ ကျေးဇူးတော်များ ဆက်တိုက် ချီးမြှင့်ခြင်းခံရသည့်အခါ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ချီးမွမ်းခြင်းသည် ထိုကောင်းချီးမင်္ဂလာ တည်တံ့ခိုင်မြဲစေရန် အကြောင်းခံတစ်ရပ် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية