1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။

عَنْ أَبِي مُوسَى رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللهَ عَزَّ وَجَلَّ يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ، حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။

صحيح رواه مسلم صحيح مسلم - 2759

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်များ၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် နေ့အချိန်၌ အပြစ်ကျူးလွန်မိပြီး ညအချိန်၌ သောင်ဗဟ်လုပ်(အမှားဝန်ချတောင်းပန်)လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ ထိုနည်းတူ ညအချိန်၌ အပြစ်ကျူးလွန်မိပြီး နေ့အချိန်၌ သောင်ဗဟ်(အမှားဝန်ချတောင်းပန်လျှင်) အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ အရှင်မြတ်သည် သောင်ဗဟ်(အမှားဝန်ချတောင်းပန်မှု) အား ဝမ်းမြောက်တော်မူသဖြင့် မိမိ၏ လက်တော်ကို ၎င်းသောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံတော်မူသည့်အနေဖြင့် ဖြန့်ထားတော်မူသည်။ ဤကမ္ဘာလောက၏ အဆုံးသတ်ကို ညွှန်ပြသည့်အနေဖြင့် နေသည် အနောက်အရပ်မှ ထွက်ချိန်တိုင်အောင် သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသည်။ နေသည် အနောက်အရပ်မှ ထွက်သည့်အခါတွင် သောင်ဗဟ် ဝန်ချတောင်းပန်မှု၏တံခါးသည် ပိတ်သွားမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သောင်ဗဟ်၏တံခါး ပွင့်လျက်ရှိသမျှကာလပတ်လုံး သောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုသည် လက်ခံခြင်းခံရမည်ဖြစ်ပြီး၊ အနောက်အရပ်မှ နေထွက်ခြင်းဖြင့် ယင်းတံခါးသည် ပိတ်သွားမည်ဖြစ်ကာ လူသားသည် စက်ရားသ် (သေခြင်းတရား၏လက္ခဏာများ ) မဖြစ်ခင်အရင် (လည်ပင်းသို့ ဝိညာဉ်ရောက်ရှိခြင်း)မဖြစ်မီအချိန်အထိ သောင်ဗဟ်အမှားဝန်ချ တောင်းပန်ရန် အခွင့်အရေးရှိသည်။
  2. ကျူးလွန်မိသော အပြစ်အကုသိုလ်ကြောင့် မျှော်လင့် ချက်ကင်းမဲ့ခြင်း မဖြစ်ရပေ။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်သည် ကျယ်ပြန့်လှပြီး သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသောကြောင့်ဖြစ်သည်။
  3. စစ်မှန်သည့် သောင်ဗဟ်အမှားဝန်ချ‌ တောင်းပန်မှု၏ စည်းကမ်းချက်များ- ၁။အပြစ်ကျူးလွန်မှုမှ ရပ်စဲရမည်။ ၂။ကျူးလွန်မိသည့်အတွက် နောင်တရရမည်။ ၃။နောင်တွင် ထိုအပြစ်ကို ဘယ်သောအခါမျှ ပြန်မလုပ်မိစေရန် ခိုင်မာသောဆုံးဖြတ်ချက် ချရမည်။ ဤသတ်မှတ်ချက်များသည် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြစ်များအတွက် ဖြစ်သည်။ အကယ်၍ ထိုအပြစ်များသည် လူသားများ၏ အခွင့်အရေးနှင့် သက်ဆိုင်ပါက၊ သောင်ဗဟ်ဝန်ချတောင်းပန်မှု မှန်ကန်စေရန်အတွက် ထိုသက်ဆိုင်ရာ အခွင့်အရေးကို ပိုင်ရှင်ထံ ပြန်လည်ပေးဆပ်ရမည် သို့မဟုတ် ပိုင်ရှင်မှ ၎င်းအား ခွင့်လွှတ်လိုက်ခြင်း ဖြစ်ရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

56 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية