عَنْ سَهْلِ بْنِ سَعْدٍ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِيَّاكُمْ وَمُحَقَّرَاتِ الذُّنُوبِ، فَإِنَّمَا مَثَلُ مُحَقَّرَاتِ الذُّنُوبِ كَقَوْمٍ نَزَلُوا فِي بَطْنِ وَادٍ، فَجَاءَ ذَا بِعُودٍ، وَجَاءَ ذَا بِعُودٍ، حَتَّى أَنْضَجُوا خُبْزَتَهُمْ، وَإِنَّ مُحَقَّرَاتِ الذُّنُوبِ مَتَى يُؤْخَذْ بِهَا صَاحِبُهَا تُهْلِكْهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား၊ သေးငယ်သောအပြစ်များ၏ ဥပမာမှာ ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသောာ လူများနှင့် တူ၏။ ထိုအထဲမှ တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ နောက်တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ ဤသို့ဖြင့် သူတို့သည် (စုပေါင်း၍) မိမိတို့၏ မုန့်ကို ကျက်အောင်လုပ်နိုင်ကြ၏။ စင်စစ် အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာပင်၊ ၎င်းတို့သည် ကျူးလွန်သူအား ဖမ်းဆီးကိုင်တွယ်သောအခါ ဖျက်ဆီးပစ်တတ်သည်။"

صحيح رواه أحمد مسند أحمد - 22808

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အသေးစားအပြစ်များကို ပေါ့‌ပေါ့တန်တန်သဘောထားခြင်း၊ များစွာကျူးလွန်ခြင်းတို့ကို သတိပေးတော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် စုစည်းသွားသောအခါ ဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ထို့အတွက် ကိုယ်တော်မြတ်သည် ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသော လူများကို ဥပမာပေးတော်မူခဲ့သည်။ ထိုလူတစ်ဦးစီသည် ထင်းတုံးအသေးတစ်တုံးစီ ယူဆောင်လာကြရာ၊ ၎င်းတို့စုဆောင်းခဲ့သော ထင်းတုံးများဖြင့် မုန့်ကိုကျက်အောင်လုပ်နိုင်ကြ၏။ အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာ၊ ကျူးလွန်သူအား ၎င်းတို့ဖြင့် ဖမ်းဆီးကိုင်တွယ်သောအခါ (ထိုသူသည် သောင်ဗဟ်မလုပ်၊ အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူခြင်းမရှိပါက) ဖျက်ဆီးပစ်တတ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နားလည်ရလွယ်ကူစေရန်နှင့် ပို၍ရှင်းလင်းပြတ်သားစေရန်အတွက် ဥပမာပေးရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နည်းစနစ်လမ်းစဉ်။
  2. အသေးအဖွဲဟု ထင်မှတ်ရသော အပြစ်ငယ်များမှ သတိပြုကြဉ်ရှောင်ရန်နှင့် ၎င်းတို့ကို ပပျောက်စေရန် အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းထားခြင်း။
  3. “မုဟက်ကိရာသွဇ်ဇုနူဗ်” (အသေးစားဟုထင်မှတ်ရသောအပြစ်များ) သည် အောက်ပါအဓိပ္ပါယ်များကို ဆောင်နိုင်သည်- ၁။ လူသားသည် အကြင်အပြစ်ကို သေးငယ်သည်ဟု ထင်မှတ်ကာ ကျူးလွန်နေသော်လည်း အလ္လာဟ်အရှင်မြတ်၏ထံ၌ ၎င်းသည် ကြီးမားသောအပြစ်ဖြစ်နေခြင်း။ ၂။ လူသားသည် အပြစ်ငယ်များကို ဂရုမစိုက်ဘဲ၊ ၎င်းတို့မှ နောင်တမရဘဲ ကျူးလွန်ခြင်း။ ထို့နောက် ထိုအပြစ်ငယ်များ စုပေါင်းသွားကာ နောက်ဆုံးတွင် ၎င်းအား ဖျက်ဆီးပစ်ခြင်း။ ၃။ လူသားသည် အပြစ်ငယ်များကို ဂရုမစိုက်ဘဲ ကျူးလွန်ခြင်း။ ယင်းတို့သည် သူ့အား ဖျက်ဆီးတတ်သော အပြစ်ကြီးများသို့ ကျရောက်စေရန် အကြောင်းခံဖြစ်သွားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

41 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية