1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အတ္ထုပ္ပတ္တိနှင့် သမိုင်း။

ဟဒီးဆ် “ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”

عَنْ أَنَسٍ رَضيَ اللهُ عنه قَالَ:
كَانَتْ عَامَّةُ وَصِيَّةِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حِينَ حَضَرَهُ الْمَوْتُ: «الصَّلَاةَ وَمَا مَلَكَتْ أَيْمَانُكُمْ، الصَّلَاةَ وَمَا مَلَكَتْ أَيْمَانُكُمْ»، حَتَّى جَعَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُغَرْغِرُ بِهَا صَدْرُهُ، وَمَا يَكَادُ يُفِيضُ بِهَا لِسَانُهُ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်‌ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်တွင် အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”။ ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏လက် ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)” ဟု ထပ်ခါ ထပ်ခါ မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လည်ပင်းတွင် ထိုစကားတော်များမှာ တစ်နေကာ ၎င်းကို နှုတ်လျှာဖြင့်ဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။

صحيح رواه النسائي في السنن الكبرى وابن ماجه مسند أحمد - 12169

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်၌ မိမိ၏အွမ္မသ်သားများအား အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ကို စွဲစွဲမြဲမြဲဝတ်ပြုကြလော့။ ၎င်းအား ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ၎င်းမှ သတိလစ်ဟင်းမနေကြနေလင့်။ ထို့အတူ မိမိတို့၏ လက်အောက်ရှိ ကျေးကျွန်များနှင့် ကျွန်မများ၏ အခွင့်အရေးများကို ပေးဆပ်ကြလော့။ သူတို့အား ကောင်းမွန်စွာ ဆက်ဆံကြလော့" ဟု မိန့်တော်မူခဲ့ခြင်းဖြစ်၏။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤစကားကို ထပ်ခါတလဲလဲ မိန့်တော်မူခဲ့ရာ နောက်ဆုံးလည်ပင်းတွင် ထိုစကားတော်များမှာ (စကားထွက်ရန် ခက်ခဲကာ) တစ်နေပြီး ၎င်းကို နှုတ်လျှာဖြင့်ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်၏အရေးပါမှုနှင့် ကျွန်များ၏အခွင့်အရေးသည် အလွန်ကြီးမားလှသည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏နောက်ဆုံး ဆုံးမစကားအဖြစ် ယင်းတို့ကို အသေအချာ မိန့်မှာခဲ့ခြင်းကြောင့်ဖြစ်သည်။
  2. ဆွလာသ်သည် ဗန္ဒဟ်ကျေးကျွန်များအပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ အကြီးမားဆုံးသော အခွင့်အရေးများထဲမှ တစ်ခုဖြစ်ပြီး၊ လူသားတို့၏ အခွင့်အရေးကိုကျေပွန်ခြင်း အထူးသဖြင့် အားနည်းသူများနှင့် (သားသမီးများမှလွဲ၍) မိမိလက်အောက်ရှိ ကျွန်များ၏အခွင့်အရေးများကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် အကြီးမားဆုံးတာဝန်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

41 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية