عن أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«تَسَحَّرُوا، فَإِنَّ فِي السَّحُورِ بَرَكَةً».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။

صحيح متفق عليه صحيح البخاري - 1923

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆဲဟ်ရီစားသုံးရန် တိုက်‌တွန်းတော်မူခဲ့သည်။ ဆဟူးရ် ဆိုသည်မှာ ဆောင်မ်ဥပုသ်စောင့်ထိန်းရန်အတွက် ပြင်ဆင်သည့်အ‌နေဖြင့် ည၏ နောက်ဆုံးအချိန်၌ စားသောက်ခြင်းကို ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားသုံးခြင်း၌ များပြားလှစွာသောကောင်းကျိုးများ၊ ည၏ နောက်ဆုံးအချိန်တွင် ဝတ်ပြုဆုတောင်းရန် နိုးထရခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းရန် အင်အားရရှိခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို လန်းဆန်းတက်ကြွစွာဆောင်ရွက်နိုင်ခြင်းနှင့် ဆောင်မ်ဥပုသ်၏ ခက်ခဲမှုကို လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပါဝင်သောကြောင့် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဆဲဟ်ရီစားသုံးခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ ဆဲဟ်ရီစားသုံးခြင်းဖြင့် သာသနာ့အမိန့်ကို လိုက်နာခြင်း။
  2. ၂။ အစ်ဗ်နုဟဂျရ်က "ဖတ်ဟုလ်ဘာရီ" ကျမ်းတွင် ဤသို့ဆိုထားပါသည်- ဆဲဟ်ရီစားသုံးခြင်းတွင် ဗရ်ကသ်မင်္ဂလာသည် အကြောင်းအမျိုးမျိုးမှ ရရှိသည်။ ၎င်းတို့မှာ- စွန္နတ်ကို လိုက်နာခြင်း၊ အဟ်လေကိသာဗ် (ဂျူး၊ ခရစ်ယာန်) တို့နှင့် ဆန့်ကျင်ဘက်ပြုလုပ်ခြင်း၊ ဆဲဟ်ရီစားသုံးခြင်းဖြင့် အေဗာဒသ်ခဝပ်ကိုးကွယ်မှုအတွက် အင်အားရရှိခြင်း၊ လန်းဆန်းတက်ကြွမှု တိုးပွားခြင်း၊ ဆာလောင်မွတ်သိပ်မှုကြောင့်ဖြစ်သော မကောင်းသည့် အကျင့်စာရိတ္တကို တားဆီးနိုင်ခြင်း၊ ထို(ဆဲဟ်ရီ)အချိန်တွင် တောင်းခံသူအား သို့မဟုတ် အတူစားသောက်သူအား ထောက်ပံ့ကူညီရန် အခွင့်အရေးရခြင်း၊ ဒုအာကဗူလ်ဖြစ်သည့်အချိန်တွင် အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းနှင့် ဒုအာဆုတောင်းနိုင်ခြင်း၊ အိပ်ရာမဝင်မီ ဆောင်မ်ဥပုသ်၏ နီယသ်ပြုလုပ်ရန် မေ့လျော့ခဲ့သူအတွက် ထိုနိယသ်ကို ဖြည့်စွက်ပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။
  3. ၃။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမွန်သည့် သင်ကြားမှု။ အဘယ်ကြောင့်ဆိုသော် တရားတော်လာအမိန့်တော်ကို ဟိက်မသ်ဉာဏ်ပညာဖြင့် တွဲဖက်သင်ကြားပေးခြင်းဖြင့် စိတ်နှလုံးအေးချမ်းမှုရစေပြီး ရှရီအသ်တရားတော်၏ မြင့်မြတ်မှုကို သိရှိနားလည်စေပါသည်။
  4. ၄။ အစ်ဗ်နုဟဂျရ်က ဤသို့ဆိုသည်- လူတစ်ဦးသည် စားသောက်ဖွယ်ရာအနည်းငယ်ကို စားသောက်လိုက်ရုံဖြင့် ဆဲဟ်ရီစားခြင်း အထမြောက်သွားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

48 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية